COVID-19 ဖြင့် သေဆုံးသူ စုစုပေါင်း ၃၃၄၇အထိရှိ

ဇူလိုင် ၁

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ဇွန်၁ရက် ညပိုင်း ထုတ်ပြန်ချက်အရ COVID-19 စတင်ဖြစ်ပွားချိန်မှစ၍ ယနေ့အထိ သေဆုံးသူ စုစု ပေါင်း ၃၃၄၇အထိ ရှိလာပြီဖြစ်ကြောင်း သိရသည်။

တကျော့ပြန်မြင့်တက်လာနေသော ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုတွင် ဇွန် ၃၀ရက်မှ ဇူလိုင် ၁ရက်အတွင်း ဓာတ်ခွဲနမူနာပေါင်း ၉၄၅၇ခုအား စစ်ဆေးခဲ့ရာ ကိုဗစ်အတည်ပြု လူနာသစ် ၂၀၇၀ဦး တွေ့ရှိခဲ့သည်ဟုလည်း ကျန်းမာ ရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။
လတ်တလောတွင် ကိုဗစ်ကြောင့် ထပ်မံသေဆုံးသူ ၁၃ဦးရှိကာ ဆေးရုံဆင်းခွင့်ရရှိသူ ၅၄၉ဦးရှိသည်ဟု သိရသည်။ 

ထို့အပြင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ဇွန်၂၉မှ ဇွန် ၃၀ရက်အထိမြို့နယ်အလိုက် ကိုဗစ်တွေ့ရှိရမှုစာရင်းများထဲတွင် ပဲခူးတိုင်းဒေသကြီးမှ ကိုဗစ်အတည်ပြုလူနာ ၃၄၇ဦး ၊ စစ်ကိုင်းတိုင်းဒေသကြီးမှ ကိုဗစ်အတည်ပြုလူနာ ၃၂၀ဦး၊ ရှမ်းပြည်နယ်မှ ကိုဗစ်အတည်ပြုလူနာ ၂၂၁ဦး၊ ရန်ကုန်တိုင်းဒေသကြီးမှ ကိုဗစ်အတည်ပြုလူနာ ၂၂၀ဦး၊မန္တလေးတိုင်းဒေသကြီးမှ ကိုဗစ်အတည်ပြုလူနာ ၁၅၉ဦး ၊ ဧရာဝတီတိုင်းဒေသကြီးမှ ကိုဗစ်အတည်ပြုလူနာ ၁၅၃ဦး၊ ချင်းပြည်နယ်မှ ကိုဗစ် အတည်ပြုလူနာ ၄၀ဦး၊ နေပြည်တော်မှ ကိုဗစ်အတည်ပြုလူနာ ၃၉ဦး၊ မကွေးတိုင်းဒေသကြီးမှ ကိုဗစ်အတည်ပြုလူနာ ၃၇ဦး၊မွန်ပြည်နယ်မှ ကိုဗစ်အတည် ပြုလူနာ ၃၀ဦး၊ ကချင်ပြည်နယ်မှ ကိုဗစ်အတည်ပြုလူနာ ၁၁ဦးနှင့် တနင်္သာရီတိုင်းဒေသကြီးမှ ၃ဦးအထိ ရှိကြောင်း သိရသည်။

 ဖေဖော်ဝါရီ ၁ ရက်နေ့က စစ်အာဏာသိမ်းမှုဖြစ်ပွားချိန်ကစ၍ ကိုဗစ်-၁၉ ကူးစက်မှုစမ်းသပ်စစ်ဆေးမှုနှင့် ကာကွယ်ဆေးထိုးပေးရေးအစီအစဉ်သည် ပြိုကျသွားခဲ့သည်။ 

မြန်မာနိုင်ငံတွင်ပထမဆုံးသော ကိုဗစ်-၁၉ ကူးစက်မှုရောက်ရှိသည်မှာ ယမန်နှစ် မတ်လနှောင်းပိုင်းကဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly