တရုတ်တွင် ကားအစီးရေ ၂၈၅၀ဝဝ စီး ပြန်လည်သိမ်းယူခဲ့သည့် Tesla ကုမ္ပဏီ၏ ရှယ်ယာများကျဆင်း

တရုတ်တွင် ကားအစီးရေ ၂၈၅၀ဝဝ စီး ပြန်လည်သိမ်းယူခဲ့သည့် Tesla ကုမ္ပဏီ၏ ရှယ်ယာများကျဆင်း

တရုတ်နိုင်ငံတွင် လတ်တလောဖြစ်ပွားနေသော အခက်အခဲများကြောင့် Tesla ကုမ္ပဏီ၏ ရှယ်ယာများသည် ဇွန်လ ၂၉ရက်တွင် ၂ ဒသမ ၅၁ ရာခိုင်နှုန်း ထပ်မံကျဆင်းသွားခဲ့သည်။

နိုင်ငံတော်စီမံခန့်ခွဲမှုအဖွဲ့ (SAMR) ဖြစ်သည့် တရုတ်မော်တော်ယာဉ်ဘေးအန္တရာယ်ကင်းရှင်းရေး အာဏာပိုင်အဖွဲ့က သတင်းပတ်ကုန်တွင် ဈေးကွက်စည်းမျဉ်းစည်းကမ်းများဆိုင်ရာ ဆော့ဖ်ဝဲလ်အဆင့်မြင့်ရန် Tesla က ကားများကို ပြန်လည်သိမ်းဆည်းခဲ့သည်။

တရုတ်ပြည်ရှိ Tesla မော်ဒယ် ၃၊ မော်ဒယ် Y အစီးရေ ၂၈၅,၅၂၀ ကို ယာဉ်မောင်း အကူအညီပေးသည့်စနစ်များတွင် လုံခြုံရေးစနစ်များကို ပြန်လည်ပြင်ဆင်ရန်အတွက် ပြန်လည်သိမ်းဆည်းခြင်းဖြစ်ကြောင်း ကြေညာခဲ့သည်။

ပြန်လည်သိမ်းဆည်းမှုတွင် ရှန်ဟိုင်းတွင် တက်စလာမှ ထုတ်လုပ်သည့် Model 3 ဆီဒင်ကားနှင့် Model Y crossover ကား ၂၄၉,၅၅၅ စီး၊ အမေရိကန်တွင်ထုတ်လုပ်ပြီး တရုတ်နိုင်ငံသို့ တင်ပို့ထားသော Model 3 မော်တော်ယာဉ် ၃၅,၆၆၅ စီး ပါဝင်သည်။

Tesla ၏ စနစ်များတွင် ကြုံတွေ့ရသည့် အားနည်းချက်မှာ ယာဉ်မောင်းက တစ်ခါတစ်ရံ Model 3 နှင့် Model Y ကားများတွင် cruise control ခလုတ်ကို မှားယွင်းပြီး အဖွင့်အပိတ်လုပ်မိနိုင်ခြင်းကြောင့် ဖြစ်ကြောင်း SAMR က ဆိုသည်။

ဥပမာရုတ်တရက်ကွေ့ရာတွင် cruise control ခလုတ်ကို မှားယွင်းပြီး အဖွင့်အပိတ်လုပ်မိနိုင်သည်။ အဆိုပါခလုတ်ကို မသိဘဲဖွင့်ထားမိပါက Tesla ကားမောင်းသူသည် အရှိန်ရုတ်တရက်မြှင့်မိနိုင်ပြီး တိုက်ခိုက်မှုဖြစ်ပွားနိုင်သည်ဟု SAMR က ကားများ ပြန်လည်သိမ်းဆည်းရသည့် ထုတ်ပြန်ချက်တွင် ဆိုထားသည်။

တရုတ်ရှိ တက်စလာပိုင်ရှင်များသည် ကားများ၏ ဆော့ဝဲလ်ကို အဆင့်မြင့်ရန်အတွက် ဝန်ဆောင်မှုစင်တာသို့ ယူဆောင်လာလေ့မရှိဘဲ ကုမ္ပဏီက ကားကို ပြန်လည်ယူ၍ လုပ်ဆောင်ပေးရသည်။

ချွတ်ယွင်းချက်စုံစမ်းစစ်ဆေးခြင်းကို အာဏာပိုင်အဖွဲ့က လုပ်ဆောင်ပြီးမှသာ Tesla က ဖြစ်ပေါ်လာနိုင် သည့် ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် ပြန်လည်သိမ်းဆည်းမှုများ ပြုလုပ်ရန်ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း SAMR က ဆိုသည်။

Tesla က ကားများတွင် ဆော့ဖ်ဝဲလ်အဆင့်မြင့်ခြင်းကို အင်တာနက်မှ တစ်ဆင့်ပြုလုပ်ရာတွင် ရှေ့ပြေးဖြစ်ခဲ့သည်။ တရုတ်တွင် ကားကို နိုင်ငံခြားဇိမ်ခံပစ္စည်းတစ်ခုအဖြစ် အဆင့်အတန်းပြယုဒ် အနေဖြင့် နှစ်ခြိုက်စွာအသုံးပြုကြသည်။

သို့သော် မကြာသေးမီလများအတွင်း ကုမ္ပဏီနာမည် ကျဆင်းလာခဲ့သည်။

ကားတိုက်မှုများ ဆက်တိုက်ဖြစ်ခြင်း၊ ဈေးနှုန်းပြောင်းလဲခြင်း၊ တရုတ်နိုင်ငံသားဖောက်သည်များထံမှ အရည်အသွေးဆိုင်ရာတိုင်ကြားမှုများနှင့် ပြီးခဲ့သည့်လများအတွင်း Tesla ကားများ ပြန်လည် ရုပ်သိမ်းခြင်းကြောင့် တရုတ်တွင် အဆိုပါကုမ္ပဏီအနေဖြင့် အခက်ကြုံနေရသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly