မိုးကုတ်မြို့မှ အသက်အငယ်ဆုံး ဖမ်းဆီးခံရသည့် သမီးငယ် စုထက်ဝိုင်း လွတ်ပြီ

မိုးကုတ်မြို့မှ အသက်အငယ်ဆုံး ဖမ်းဆီးခံရသည့် သမီးငယ် စုထက်ဝိုင်း လွတ်ပြီ

ဇူလိုင် ၁

မိုးကုတ်မြို့မှ အသက်အငယ်ဆုံး ဖမ်းဆီးခံရသူ သမီးငယ် စုထက်ဝိုင်း ပြန်လည်လွတ်မြောက်လာကြောင်း ဖခင်ဖြစ်သူ ကိုစိုးဌေးက သူ၏လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားထားပါတယ်။

"သမီးငယ် စုထက်ဝိုင်း မနေ့က ဖမ်းဆီးခံထားရခြင်းမှပြန် လွတ်လာပါတယ်။သမီးကြီးနဲ့ သူ့အမေကိုတော့ ဖမ်းဆီးထားဆဲပါ" ဟု ကိုစိုးဌေးက ရေးသားထားသည်။

သမီးငယ် စုထက်ဝိုင်းမှာ ဖမ်းဆီးခံထားရသည့် နှစ်ပတ်ကျော်ကာလအတွင်း ထမင်းဝအောင် မစားရကြောင်း၊ ရေချိုးလျှင် အိမ်သာရေကို အသုံးပြုရကြောင်း  သူက ဆက်လက်ရေးသားထားသည်။ 

"ထမင်းဝအောင်မစားရဘူး"."ရေချိုးရင်အိမ်သာရေနဲ့ချိုးရတာ".လို့ ပြန်ပြောပြပါတယ်။ ဖွားဖွားစု (ဒေါ်အောင်ဆန်းစုကြည်)" လွတ်ပြီလားလို့လည်းမေးပါတယ်."မလွတ်သေးဘူးသမီးရေ"ဆိုတော့ ခပ်ငေးငေးလေးဖြစ်သွားပုံက ရင်ထဲထိရှရပါတယ်ဗျာ" ဟု ပြောသည်။

သမီးငယ် ပြန်လည်လွတ်မြောက်ရန် ကူညီခဲ့သူများကို ကျေးဇူးတင်ကြောင်းလည်း ကိုစိုးဌေးက ရေးသားထားသည်။

သမီးငယ် စုသက်ဝိုင်းမှာ အသက်ငါးနှစ်အရွယ်ရှိပြီး မိခင်ဖြစ်သူ အစ်မဖြစ်သူတို့နှင့်အတူ ဖမ်းဆီးခံရခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly