KNU လွတ်မြောက်နယ်မြေမှာ ပညာသင်ကြားပေးနေတဲ့ CDM ဆရာမဒေါ်ခိုင်သင်းမွန်နှင့်ဆက်သွယ်မေးမြန်းချက်

01 July 2021
KNU လွတ်မြောက်နယ်မြေမှာ ပညာသင်ကြားပေးနေတဲ့ CDM ဆရာမဒေါ်ခိုင်သင်းမွန်နှင့်ဆက်သွယ်မေးမြန်းချက်

စစ်ကောင်စီရဲ့ အကြမ်းဖက်အာဏာသိမ်းတဲ့ လုပ်ရပ်ကို လက်မခံနိုင်တဲ့ နိုင်ငံ့ဝန်ထမ်းအများအပြားဟာ အာဏာဖီဆန်ခြင်းဆိုတဲ့ CDM လှုပ်ရှားမှုကို ပြုလုပ်ခဲ့ကြတာကြောင့် စစ်ကောင်စီရဲ့ အကြပ်ကိုင်ခြိမ်းခြောက်ဖမ်းဆီးခြင်းကို ခံခဲ့ရတဲ့အတွက် ယခုအချိန်မှာ လွတ်မြောက်နယ်မြေတွေထဲကို ထွက်ပြေးတိမ်းရှောင်နေရသူတွေ အများအပြားရှိလာပါတယ်။
ဒီလို လွတ်မြောက်နယ်မြေတွေကို ထွက်ပြေးတိမ်းရှောင်ကြတဲ့ CDM ဝန်ထမ်းတွေအနက် ဆရာ/ဆရာမတွေနဲ့ အခြားဌာနဆိုင်ရာက ဝန်ထမ်း ၅၀ ကျော်လောက်က KNU တပ်မဟာ ၆ က နယ်မြေတခုမှာ ကျောင်းသား/ကျောင်းသူနဲ့ လူငယ်တွေကို အခြေခံပညာအပြင် လူမှုဘဝတွေမှာ လက်တွေ့အသုံးချနိုင်တဲ့ ပညာရပ်တွေကို သင်ကြားပေးနေတယ်လို့ သိရပါတယ်။
KNU လွတ်မြောက်နယ်မြေမှာ ပညာသင်ကြားပေးနေတဲ့ CDM ဆရာမ ဒေါ်ခိုင်သင်းမွန်ကို မဇ္ဇျိမက ဆက်သွယ်ပြီး သူတို့လုပ်ဆောင်နေမှုတွေကို မေးမြန်းထားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly