အိုင်အက်စ်တို့ကို တိုက်ခိုက်ရန် မြေပြင်တပ်ဖွဲ့များ စေလွှတ်သွားမည် မဟုတ်ဟု နေတိုး ပြော

အိုင်အက်စ်တို့ကို တိုက်ခိုက်ရန် မြေပြင်တပ်ဖွဲ့များ စေလွှတ်သွားမည် မဟုတ်ဟု နေတိုး ပြော

ဇူးရစ်၊ ဒီဇင်ဘာ ၇ ။        ။ ဆီးရီးယားရှိ အိုင်အက်စ် စစ်သွေးကြွများကို တိုက်ခိုက်ရန် မြေပြင် တပ်ဖွဲ့များ စေလွှတ်သွားမည်မဟုတ်ဟု နေတိုးတပ်ဖွဲ့၏ အထွေထွေ အတွင်းရေးမှူး ဂျန် စတိုတန်ဘာ့ဂ်က ဆွစ်ဇာလန် သတင်းစာတစ်ခု သို့ ပြောသည်။ ပဋိပက္ခတိုက်ပွဲကာလအတွင်း ပြည်တွင်းအင်အားစုများကို အင်အားဖြည့်တင်းရန် အဓိကလိုအပ်လျက်ရှိနေသည်ဟု ၎င်းက ဆိုသည်။

" ဒီကိစ္စက ညွှန်ပေါင်းအဖွဲ့နှင့် နေတိုးအုပ်စုရဲ့ မဟာမိတ်နိုင်ငံတွေအတွက် အဓိကအကြောင်းအရာတော့မဟုတ်ပါဘူး" ဟု ၎င်းက ပြောသည်။ အိုင်အက်စ်တို့အပေါ် လေကြောင်းထိုးစစ်များနှင့် အတူ မြေပြင် တပ်ဖွဲ့များ စေလွှတ်ရန် အစီအစဉ်ရှိမရှိ နှင့် ပတ်သက်၍ မေးမြန်းစဉ် ယခုကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်သည်။

"အမေရိကန်မှာက အထူးတပ်ဖွဲ့ဝင်အင်အားက အကန့်အသတ်ရှိပါတယ်၊ ရှေ့ပိုင်းမှာဆို ပြည်တွင်းအင်အားစုတွေကို အားကောင်းစေဖို့ လုပ်နေခဲ့ရပါတယ်၊ ဒါကလည်း လွယ်တဲ့ကိစ္စတော့ မဟုတ်ပါဘူး၊ ဒါပေမယ့်လည်း ရွေးချယ်စရာက တစ်ခုတည်းရှိနေလို့ပါ" ဟု ၎င်းက ထပ်လောင်းပြောကြားသည်။

ပဋိပက္ခတိုက်ပွဲများသည် အနောက်အုပ်စုနှင့် အစ္စလမ် ကမ္ဘာအကြား စစ်ပွဲတစ်ရပ်မဟုတ်ပဲ "အစွန်းရောက် နှင့် အကြမ်းဖက်ဝါဒ" တို့ကို တိုက်ခိုက်ခြင်းသာဖြစ်ကြောင်း စတိုတန်ဘာ့ဂ်က ဆိုသည်။

"မွတ်ဆလင်တွေဟာ ဒီစစ်ပွဲမှာဆိုရင် ရှေ့စစ်မျက်နှာပြင်မှာ ရောက်နေပါတယ်၊ တိုက်ပွဲဒဏ်ခံရတဲ့အ များစုကလည်း မွတ်ဆလင်တွေ ဖြစ်ပြီးတော့ အိုင်အက်စ်တွေကို တိုက်နေတဲ့သူအများစုကလည်း မွတ်ဆလင်တွေပါပဲ၊ ဒီလိုချိန်မှာ သူတို့အတွက် ဒီအကျပ်အတည်းမျိုးကို ထပ်မလုပ်နိုင်ပါဘူး" ဟု ၎င်းက ပြောသည်။

ဆက်လက်၍လည်း ပြီးခဲ့သည့်လက ရုရှစစ်ဘက်လေယာဉ်တစ်စီးကို ပစ်ချခဲ့သော တူရကီနိုင်ငံ၏ လေကြောင်း ကာကွယ်ရေးပိုင်းကိုလည်း တိုးတက်ရန် နေတိုးအုပ်စုက ဆက်လက်ကူညီပေး သွားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားသွားခဲ့သေးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags