ပြန်လွတ်လာမယ့် အကျဉ်းသားတွေကိုစောင့်ဆိုင်းနေတဲ့ အင်းစိန်ထောင်ရှေ့က အကျဉ်းသား မိသားစုဝင်များ

30 June 2021
ပြန်လွတ်လာမယ့် အကျဉ်းသားတွေကိုစောင့်ဆိုင်းနေတဲ့ အင်းစိန်ထောင်ရှေ့က အကျဉ်းသား မိသားစုဝင်များ

မြန်မာတစ်နိုင်ငံလုံးရှိအကျဉ်းထောင်အသီးသီးမှ နိုင်ငံရေးအကျဉ်းသား ၂၀၀၀ ကျော်ကို ပြန်လည်လွှတ်ပေးမယ်ဆိုတဲ့သတင်းကြောင့် ရန်ကုန်တိုင်းဒေသကြီး အင်းစိန်အကျဉ်းထောင်ရှေ့တွင်လည်း အကျဉ်းသားမိသားစုဝင်များက ဒီကနေ့ ဇွန်လ ၃၀ ရက် အစောပိုင်းကတည်းက စောင့်ဆိုင်းနေကြပါတယ်။ ညနေ ၅ နာရီအချိန်ထိတော့ လွှတ်ပေးခြင်းမရှိသေးပါဘူး။
" ထောင်ဝန်ထမ်းတွေ ကတော့ ညထိမစောင့်ရဘူးလို့ပြောနေတယ်၊ အခုချိန်ထိတော့ မလွှတ်ပေးသေးဘူး၊ စောင့်နေသူတွေကတော့ ထိုင်လိုက် ထလိုက်နဲ့ မျှော်နေကြတာပေါ့၊ ဒီနေ့လွှတ်ပေးမှာတော့ ကျိန်းသေပါတယ်" လို့ စောင့်ဆိုင်နေသူ တစ်ဦးက မဇ္စျိမကိုပြောပါတယ်။
စစ်ကောင်စီက စစ်ဖက်ဆိုင်ရာလုံခြုံရေးအဖွဲ့တွေ ၊ ရဲတပ်ဖွဲ့တွေကို ဇွန်လ၂၈ရက် ရက်စွဲနဲ့ ပျံ့နှံ့လာတဲ့ အကြောင်းကြားစာမှာတော့ ဒီကနေ့မနက် ၉ နာရီမှာ ပြန်လွှတ်ပေးဖို့ ဆိုတာ ပါရှိပါတယ်။ 
အင်းစိန်ထောင်ကနေ လွတ်မယ့်သူက  ၇၂၀ဦး ရှိတယ်လို့လဲ သတင်းတွေ ထွက်ပေါ်နေတာပါ။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly