မုန်တိုင်းခန့်မှန်းချက်

မုန်တိုင်းခန့်မှန်းချက်
ဓာတ်ပုံ - ဦးချစ်ကျော်

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှုး (ငြိမ်း) ဦးချစ်ကျော်၏ လက်ရှိ ဘင်္ဂလားပင်လယ်အော် တွင် ဖြစ်ပေါ်နေသည့် မုန်တိုင်းငယ်နှင့် ပက်သက်သည့် ခန့်မှန်းချက် ကိုကူးယူဖော်ပြလိုက်ပါသည်။

ဇွန်လ ၂၂ ရက်နေ့အတွက် မိုးလေဝခန့်မှန်းချက် နဲ့မုန်တိုင်းသတင်း (posted on 16:45 mst 21/6/2015) မုန်တိုင်းငယ်ကတော့ အိန္ဒိယနိုင်ငံ သြရိဿကမ်း ခြေကို နောက် ၁၂ နာရီအတွင်းဖြတ် ကျော်ဘို့ရှိပါတယ်။

မြန်မာ့ပင်လယပြင်မှာတော့ မုတ်သုံလေကလည်း အားအလွန်ကောင်းနေတာကြောင့် မုန်တိုင်းငယ်အရှိန်နဲပေါင်းပြီး လေထန် လှိုင်ကြီးနိုင်ပါတယ်။လေတ်ုက်နှုန်း ၄၀ ဆိုပေမဲ့ လေဆောင့်တိုက်တဲ့ အချိန်မှာ ၄၅ ၅၀ အထိလည်းရောက်နိုင်ပါတယ်။ ငါးဖမ်းလှေကို ကမ်းပြန်ကပ်နေသင့်ပါတယ်။ဘေးလွတ် လေကွယ် ဝင်ခိုနေဘို့လိုပါတယ်။

ဒီမုန်တိုင်းငယ်လေဟာ မနေ့က တင်ပြထားသလို မြန်မာပြည်ကို အန္တရာယ်မပေးဘဲ မိုးမျှော်နေသူ တွေကိုမိုးပေးပါလိမ့်မယ်။ တနိုင်ငံလုံးစိုက်ပျိုး လုပ်ကိုင်နိုင်အောင်မိုးပေး ပါလိမ့်မယ်။ သင်္ချာပုံစံ ခန့်မှန်းချက်ကို ဇွန်လ၂၈ ရက်နေ့အထိဖေါ ်ပြထားပါတယ်။ တနိုင်ငံလုံး ဝါစိမ်းပြာအရောင်တွေဟာ မိုးရွာမဲ့ဒေသတွေပါ။

ကျနော်တိုဒေသ မိုးနည်းပြီးမိုးမရွာတာကြာလှပေါ့ လို့ မိုးမျှော်နေတဲ့ နေရာအားလုံးမိုးရွာပါလိမ့်မယ်။ ရေသွင်းနေတဲ့ ဆရာများ ခဏတော့ ရေသွင်းသက်သာပါလိမ့်မယ်။ ဇွန်လကုန်အထိမိုး ရပြီး အလယ်ပ်ုင်းကလယ်ယာလုပ်ငန်း အဆင်ပြေပါလိမ့်မယ်။

သတိပြုရန်မှာ ကမ်းရိုးတန်းဒေသများဖြစ်တဲ့ ရခိုင်ပြည်နယ် မောင်တော စစ်တွေ ကျောက်ဖြူ သံတွဲ တောင်ကုတ်ဂွ မာန်အောင်မြေ ပုံပေါက်တော ပုဏ္ဏားကျွန်းမြို့တွေမိုးကြီနိုင်ပါတယ်။

လှိုင်းလေသတိပြုရန်လိုပါတယ်။ အလားတုူဧရာဝတီတိုင်းဒေသ ကချောင်းသာ ငွေဆောင် ဟိုင်းကြီးငပုတော ပုသိမ်မြောင်းမြ လပွတ္တာ ဖျာပုံဘိုကလေး နဲ့ရန်ကုန်တိုင်းတွေ မှာလဲမိုးကြီးနိုင်ပါကြောင်း သတိပြုစေလိုပါတယ်။

ဒါအပြင်ပဲခူးတိုင်းဒေသ ပဲခူးမြို့ ရွှေကျင် မဒေါက် ညောင်လေးပင် ဖြူး ဇေယျဝတီ အုတ်တွင်းတို့လည်း မိုးသည်းထန်နိုင်ပါတယ်။ ဒါက ၂၂ မှ ၂၅ ရက်နေ့အတွင်းပါ။ ၂၈ မှာတော့ မွန် ကရင် တနင်္သာရီ ဘက် မိုးကြီးနိုင်ကြောင်း ကြိုတင်အသိပေးလိုပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly