မအူပင်အကျဉ်းထောင်မှ သတင်းထောက်နှစ်ဦးအပါအဝင် အကျဉ်းသား ၂၉ ဦးအား ပြန်လွတ်

မအူပင်အကျဉ်းထောင်မှ သတင်းထောက်နှစ်ဦးအပါအဝင် အကျဉ်းသား ၂၉ ဦးအား ပြန်လွတ်

ဇွန် ၃၀

ဧရာဝတီတိုင်း မအူပင်မြို့ မအူပင်အကျဉ်းထောင်မှာ အာဏာသိမ်းစစ်ကောင်စီက ပုဒ်မ ၅၀၅-ကနဲ့ မတရားအမှုဖွင့် ဖမ်းဆီးထားသူတွေအနက် ၂၉ဦး ပြန်လည်လွတ်မြောက်လာခဲ့ပါတယ်။

လွတ်မြောက်လာသူတွေထဲမှာ မအူပင်ဟစ်တိုင်သတင်းမီဒီယာအေဂျင်စီသတင်းဌာနမှ သတင်းထောက် ကိုဇော်မင်းဦးနှင့် ဧရာဝတီတိုင်းမ်သတင်း အေဂျင်စီမှ သတင်းထောက် ကိုအောင်မြသန်းတို့လည်း ပါဝင်ခဲ့ပါတယ်။ 

"မအူပင်အကျဉ်းထောင်က အားလုံး၂၉ ဦးလွတ်တယ်။မအူပင်ဟစ်တိုင်သတင်းဌာနက သတင်းထောက်ရယ်၊ ဧရာဝတီတိုင်းမ်သတင်းဌာနက သတင်းထောက်ရယ်၊ နောက် လူမှုရေးအသင်းက ဖမ်းဆီးခံထားရတဲ့ခေါင်းဆောင်တွေလည်းပါတယ်၊မိန်းကလေးတွေလည်းပါတယ်၊ ည ၇နာရီခွဲခါနီးမှ လွှတ်တာ”လို့ ဒေသခံတစ်ဦးကပြောပါတယ်။

မြန်မာတစ်နိုင်ငံလုံးရှိ အကျဉ်းထောင်အသီးသီးမှ မတရား ဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသား ၂၀၀၀ ကျော်ကို ပြန်လည်လွှတ်ပေးခဲ့တာဖြစ်ပြီး ပထမဦးစားပြန်လည်လွှတ်မယ့် သူတွေထဲမှာ CDMပြုလုပ်နေရင်း ဖမ်းဆီးခံထားရတဲ့ နိုင်ငံ့ဝန်ထမ်းတွေ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးဟောင်းတွေနဲ့ NLDပါတီဝင်တွေကို ချန်လှပ်ပြီး လွှတ်ပေးဖို့ စစ်ကောင်စီက စာထုတ်ထားခဲ့တာပါ။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly