တောင်ငူအကျည်းထောင်ကနေ လွတ်လာသူ ၄၂ဦးကို ကွာရန်တင်းစင်တာပို့

By မဇ္ဈိမ
30 June 2021
တောင်ငူအကျည်းထောင်ကနေ လွတ်လာသူ ၄၂ဦးကို ကွာရန်တင်းစင်တာပို့

ဇွန် ၃၀

တောင်ငူအကျည်းထောင်ကနေ နိုင်ငံရေးအကျည်းသား၄၂ ဦးကို အာဏာသိမ်းစစ်ကောင်စီက မတရားဖမ်းဆီးထားတာကနေ ဒီကနေ့မှာ ပြန်လွှတ်ပေးခဲ့ပါတယ်။

ပြန်လွှတ်ပေးခဲ့တဲ့ သူတွေအားလုံးကို တောင်ငူမြို့သီတဂူဗုဒ္ဓတက္ကသိုလ်က ကွာရန်တင်းစင်တာမှာ ထားရှိမှာ ဖြစ်ပြီး ၁၅ ရက်နေပြီးမှ အိမ်ကို ပြန်လွှတ်ပေးမှာ ဖြစ်တယ်လို့ သိရပါတယ်။

တောင်ငူအကျဉ်းထောင်မှာ မနေ့က ဇွန်လ ၂၉ရက်နေ့မှာ အကျဉ်းသားနဲ့ အချုပ်သား အယောက် ၆၀မှာ ကိုဗစ် ၁၉ ကူးစက်ခံထားရတာကြောင့် ထောင်ကို Lock Down ချလိုက်ရပါတယ်။ 

တောင်ငူထောင်အတွင်းမှာ တရားရုံးထုတ်စစ်ဆေးတာအပြင် ထောင်အပြင်ဘက်ကို တရားရုံးထုတ်စစ်ဆေးတာတွေကိုပါ ဒီနေ့ကစတင်ပြီး နှစ်ပတ်ကြာ ရပ်နားထားမယ်လို့ သိရပါတယ်။

ဒီကနေ့ ဇွန်လ ၃၀ ရက် ညနေ ၅ နာရီမှာ တောင်ငူထောင်ကနေ ပြန်လွှတ်ပေးဖို့ ၅၁ ဦးရှိတယ်လို့ ကြေညာထားပေမယ့် ၄၂ ဦးကိုပဲ ပြန်လွှတ်ပေးခဲ့တာပါ။ 

 “အတူတူဆန္ဒသွားပြတဲ့အစ်ကိုက ကြေညာတဲ့အထဲမှာပါပေမယ့် လွတ်မလာဘူး၊ အခုလွတ်လာတဲ့ သူတွေကို ကားပေါ်ကပဲ နှုတ်ဆက်လိုက်ရတယ်၊ ကွာရန်တင်စင်တာကို တန်းပို့လိုက်တယ်၊ ဖမ်းခံထားရတဲ့ သူတွေအကုန်လုံးကို ပြန်လွှတ်ပေးစေချင်ပါတယ်” လို့ တောင်ငူဒေသခံ တစ်ဦးက မဇ္စ◌ျိမကို ပြောပါတယ်။

မြန်မာတစ်နိုင်ငံလုံးရှိ အကျဉ်းထောင်အသီးသီးမှ မတရား ဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသား ၂၀၀၀ ကျော်ကို ပြန်လည်လွှတ်ပေးခဲ့တာဖြစ်ပြီး ပထမဦးစားပြန်လည်လွှတ်မယ့် သူတွေထဲမှာ CDMပြုလုပ်နေရင်း ဖမ်းဆီးခံထားရတဲ့ နိုင်ငံ့ဝန်ထမ်းတွေ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးဟောင်းတွေနဲ့ NLDပါတီဝင်တွေကို ချန်လှပ်ပြီး လွှတ်ပေးဖို့ စစ်ကောင်စီက စာထုတ်ထားခဲ့တာပါ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly