အင်းစိန် အကျဉ်းထောင်က ပြန်လွှတ်တဲ့အထဲ သတင်းထောက်တချို့ပါဝင်

အင်းစိန် အကျဉ်းထောင်က ပြန်လွှတ်တဲ့အထဲ သတင်းထောက်တချို့ပါဝင်
(ရဲမျိုးခန့်နဲ့ ကေဇွန်နွေး) ဓာတ်ပုံ- CJ

ဇွန် ၃၀

ရန်ကုန်အင်းစိန်ဗဟိုအကျဉ်းထောင်ကနေ နိုင်ငံတော်အကြည်အညိုပျက်စေမှု ၅၀၅ (က) နဲ့ အကျဉ်းကျခံနေရတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ဒီကနေ့ ဇွန်လ ၃၀ ရက်နေ့မှာ ပြန်လွှတ်ပေးတဲ့အထဲ ရန်ကုန်အခြေစိုက် သတင်းထောက်တချို့လည်း ပါဝင်ပါတယ်။

ရန်ကုန်အခြေစိုက် သတင်းထောက်တွေဖြစ်တဲ့ ကိုရဲမျိုးခန့်၊ မကေဇွန်နွေး၊ ကိုဟိန်းပြည့်ဇော်၊ ကိုစိုးရာဇာထွန်းနဲ့ ကိုအောင်ရဲကိုတို့ဟာ ဒီကနေ့ပြန်လွှတ်ပေးလိုက်တဲ့အထဲ ပါဝင်လာတာဖြစ်ပြီး သူတို့ကို အာဏာသိမ်း စစ်ကောင်စီက ၅၀၅ (က) နဲ့ ဖမ်းဆီးအမှုဖွင့် ထိန်းသိမ်းထားခဲ့တာ ဖြစ်ပါတယ်။

အာဏာသိမ်းစစ်ကောင်စီက အကျဉ်းထောင်အသီးသီးမှာ ဖမ်းဆီးထိန်းသိမ်းထားတဲ့ နိုင်ငံရေးအကျဉ်းသား ၂၃၄၂ ဦးကို ဒီကနေ့ ဇွန်လ ၃၀ ရက်နေ့ မနက်ပိုင်းက ပြန်လွှတ်ပေးခဲ့တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက် စစ်တပ်ရဲ့ အကြမ်းဖက် ပစ်ခတ်၊ သတ်ဖြတ်မှုတွေကြောင့် သေဆုံးသူ ၈၈၃ ဦးရှိနေပြီး ဖမ်းဆီးထိန်းသိမ်းခံထားရသူ ၆၄၂၁ ဦး ရှိနေတယ်လို့ နိုင်ငံရေးအကျဉ်းသားဟောင်းများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က ထုတ်ပြန်ထားပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly