ပုဇွန်တောင်ရေကျော်လမ်း ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးရှေ့ ဗုံးကွဲ

ပုဇွန်တောင်ရေကျော်လမ်း ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးရှေ့ ဗုံးကွဲ

ဇွန် ၃၀

ပုဇွန်တောင်ရေကျော်လမ်းရှိ (၉) ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးရှေ့ ဗုံးပေါက်ခဲ့ကြောင်း ဖြစ်စဉ်အား မျက်မြင်တွေ့ရှိသူတစ်ဦးကပြောသည်။ 

ပေါက်ကွဲမှုမှာ ဇွန် ၃၀ ရက် မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်တွင် ဖြစ်ပွားခဲ့ကာ ထိခိုက်ဒဏ်ရာရရှိသူအခြေအနေအား မသိရှိရသေးပါ။

" ရေကျော်လမ်းပေါ်က ရပ်ကွက်ရုံး အပေါ်မှာ City mark ရှိတယ်။ ရပ်ကွက်ရုံးရှေ့မှာ ပေါက်တာ။ ထိခိုက်ဒဏ်ရာရတာတော့ မသိသေးဘူး" ဟု ဖြစ်စဉ်အား မျက်မြင်တွေ့ရှိသူက ပြောကြားသည်။

လက်ရှိတွင် စစ်ကောင်စီ တပ်ဖွဲ့ဝင်များ ရောက်ရှိနေပြီး စစ်ဆေးမှုများ လုပ်ဆောင်နေသည်ဟု သိရသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly