ဇွန် ၂၉
ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်တွေမှာ စစ်သင်တန်းတက်ပြီး ပြန်ရောက်လာတဲ့ PDF တပ်ဖွဲ့ဝင်တွေ ရှိနေတဲ့အတွက် ဖမ်းဆီးဆောင်ရွက်နိုင်ရေး အာဏာသိမ်းစစ်ကောင်စီက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့တွေကို ညွှန်ကြားထားတဲ့ လျှို့ဝှက်စာတစ်စောင် လူမှုကွန်ရက်မှာ ပျံ့နှံ့ခဲ့ပါတယ်။
PDF စစ်သင်တန်းတက်ပြီး ပြန်လာသူတွေကို စာရင်းပြုစုကာ အချိန်နဲ့တပြေးညီ သတင်းပို့ဖို့နဲ့ မပေါ့ဆကြဖို့ အာဏာသိမ်းစစ်ကောင်စီက လက်အောက်ခံ ရပ်ကျေးအုပ်ချုပ်ရေးမှူးရုံးတွေကို ဇွန်လ ၂၄ ရက်နေ့ နေ့စွဲနဲ့ ညွှန်ကြားထားတာလည်း ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက် ငြိမ်းချမ်းစွာ ဆန္ဒပြပြည်သူတွေကို အကြမ်းဖက် ပစ်ခတ်၊ ဖမ်းဆီးမှုတွေကြောင့် တက်ကြွသူ လူငယ်တွေက လက်နက်ကိုင်လမ်းစဉ်ကို ရွှေးချယ်ကာ စစ်အာဏာရှင် ဖြုတ်ချရေး တော်လှန်နေကြပါတယ်။