၅၀၅ -ကဖြင့် အမှုဖွင့်ခံထားရသည့် အနုပညာရှင် ၂၄ ဦးအား အမှုရုပ်သိမ်း

၅၀၅ -ကဖြင့် အမှုဖွင့်ခံထားရသည့် အနုပညာရှင် ၂၄ ဦးအား အမှုရုပ်သိမ်း

ဇွန် ၂၉

၅၀၅ -ကဖြင့် အမှုဖွင့်ခံထားရသည့် အနုပညာရှင် ၂၄ ဦးအား အမှုမှ ပြန်လည်ရုပ်သိမ်းကြောင်း စစ်ကောင်စီ မီဒီယာဖြစ်တဲ့ MRTV မှ ဒီကနေ့ ဇွန်လ ၂၉ရက် ည ၈ နာရီသတင်းမှာ ကြေညာခဲ့ပါတယ်။

ဧပြီလ  ၂ ရက်နေ့ကနေ မေလ ၁ ရက်နေ့အထိ စစ်အာဏာရှင် ပြုတ်ကျရေး CDM လှုပ်ရှားမှုတွေ ၊ ဆန္ဒပြမှုတွေနဲ့ လူမှုကွန်ယက်မှတစ်ဆင့် လှုံ့ဆော်ရေးသားမှုတွေကြောင့် အနုပညာရှင်တွေကို စစ်ကောင်စီက ပုဒ်မ ၅၀၅-က နဲ့ အမှုဖွင့် အရေးယူထားခဲ့တာပါ။

အရေးယူခံထားရသူတွေထဲကမှ ၂၄ ဦးကို ပြန်လည် ရုပ်သိမ်းပေးခဲ့တာ ဖြစ်ပါတယ်။

အမှုရုပ်သိမ်းခံရတဲ့ အနုပညာရှင်တွေ အနေနဲ့ စစ်အာဏာရှင်ပြုတ်ကျရေး လှုပ်ရှားမှုတွေ ပြန်လည် လုပ်ဆောင်ပါက တည်ဆဲဥပဒေအရ ထိရောက်စွာအရေးယူသွားမယ်လို့လဲ ကြေညာချက်မှာ ပါရှိပါတယ်။

အကြမ်းဖက် စစ်အာဏာသိမ်းတဲ့ ဖေဖော်ဝါရီ ၁ ရက်ကနေ ဇွန်လ ၂၀ ရက်အထိ စစ်ဆေးဆဲ တရားခံတွေအနက် ပြန်လည်စေလွှတ်ပေးသင့်သူတွေကို အမှုမှ ရုပ်သိမ်းပေးနိုင်ရေး စိစစ်ဆောင်ရွက်နေတယ်လို့လည်း ကြေညာခဲ့ပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly