သင်္ကန်းကျွန်းင/ကရပ်ကွက်အုပ်ကြီး သေနတ်မှန်သေဆုံး 

သင်္ကန်းကျွန်းင/ကရပ်ကွက်အုပ်ကြီး သေနတ်မှန်သေဆုံး 
ဓာတ်ပုံ- အခင်းဖြစ်ပွားရာ ဂဖူးကွေ့ဈေး

ဇွန် ၂၉

ရန်ကုန်တိုင်းဒေသကြီး သင်္ကန်းကျွန်း မြို့နယ် ဂဖူးကွေ့ ဈေးတွင်  အင်္ဂါနေ့ မနက် ၇နာရီကျော်က ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦး သေနတ်ဖြင့်အပစ်ခံရ၍ သေဆုံးသွားကြောင်း မျက်မြင်တွေ့ရှိသူများအပြောအရ သိရသည်။

သေဆုံးသွားသည့် အမျိုးသားမှာ င/ကရပ်ကွက် နဝရတ်လမ်းသွယ်တွင် နေထိုင်သူ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဝင် ဦးစိန်လှိုင်ဝင်း (ခ) ကျားကြီးဖြစ်ပြီး ဂဖူးကွေ့ဈေးတွင် ငါးရောင်းသူ ဖြစ်သည်ဟု သိရသည်။

" သူကကြံ့ခိုင်ရေးကရပ်ကျေးဥက္ကဌပါ။ ဆန္ဒပြ သူတွေကိုဖမ်းတဲ့ထဲသူပါတယ်လို့ ပြောတာကြားရတယ်။ သူတို့  မိသားစုအကုန်ငါးရောင်းတာ။ တပ်မတော် ထောက်ခံပွဲတွေဘာတွေမိသားစုလိုက်သွားကြတယ်'' ဟု အိမ်နီးချင်းတစ်ဦးက မဇ္ဈိမသို့ပြောသည်။

" သေနတ်နဲ့အပစ်ခံရပြီး နေရာမှာတင် ဆုံးသွားတာပါ။ ရုတ်ရုတ်သဲသဲဖြစ်သွားတော့လေ ဘယ်သူက ဘယ်လိုဖြစ်တယ်တောင် သေချာမသိလိုက်ရဘူး''ဟု သူက ဆက်ပြောသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly