ကျိုက်လတ်မြို့မှာ ၄ ကြိမ်မြောက်ဗုံးပေါက်ကွဲမှုကြောင့် ပြည်သူ ၄ဦးဒဏ်ရာရ

ကျိုက်လတ်မြို့မှာ ၄ ကြိမ်မြောက်ဗုံးပေါက်ကွဲမှုကြောင့် ပြည်သူ ၄ဦးဒဏ်ရာရ

ဇွန် ၂၉

ဧရာဝတီတိုင်း ကျိုက်လတ်မြို့မှာ ဇွန်လ ၂၉ ရက် နေ့လည် ၁၂ နာရီကျော်လောက်က လေးကြိမ်မြောက် ဗုံးပေါက်ကွဲခဲ့ပြီး ပြည်သူလေးဦးဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ 

မြို့အထွက် ကိုဗစ်ရောဂါပိုးစစ်ဆေးရေးဂိတ်မှာ ပေါက်ကွဲခဲ့တာဖြစ်ပြီး အုပ်ချုပ်ရေးမှူးတစ်ဦး၊ ကြက်ခြေနီတစ်ဦး၊ကိုဗစ်စစ်ဆေးရေးဂိတ်က အဖွဲ့ဝင်ထဲကတစ်ဦးနဲ့ ဆိုင်ကယ်ဖြတ်မောင်းသွားတဲ့ပြည်သူတစ်ဦးတို့ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတစ်ဦးကပြောပါတယ်။

"မနက်က ဗုံးသုံးလုံးပေါက်ပြီး ၁၂ နာရီလောက်က ကိုဗစ်စစ်ဆေးရေးဂိတ်မှာ တစ်လုံးထပ်ပေါက်တာဗျ တစ်ယောက်က ခြေထောက်ကိုထိသွားတာ နည်းနည်းစိုးရိမ်ရတယ်။ ကျန်တဲ့သုံးယောက်ကတော့ စိုးရိမ်စရာမရှိဘူး"လို့ဒေသခံကဆက်လက်ပြောပါတယ်။

ကျိုက်လက်မြို့မှာ ဒီကနေ့မနက် ၁၀နာရီ ၄၅မိနစ်လောက်က အထက်တန်းကျောင်းနဲ့ မြို့နယ်ပညာရေးမှူးရုံးအနီး ဗုံးသုံးလုံး ဆက်တိုက်ပေါက်ကွဲခဲ့မှုကြောင့် စစ်အုပ်စုနဲ့ရဲတွေက မြို့အနှံ့လုံခြုံရေးတင်းကြပ်ထားပြီးနောက်ပိုင်း ၄ ကြိမ်မြောက်ဗုံးပေါက်ကွဲခဲ့တာလည်းဖြစ်ပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly