စဉ့်ကူးမြို့နယ်က ရွှေပြည်ရဲကင်းစခန်းမှာ အချင်းချင်းပစ်ခတ်လို့ ရဲအရာရှိ ၁ ဦး သေဆုံး

စဉ့်ကူးမြို့နယ်က ရွှေပြည်ရဲကင်းစခန်းမှာ အချင်းချင်းပစ်ခတ်လို့ ရဲအရာရှိ ၁ ဦး သေဆုံး

ဇွန် ၂၉

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ စဉ့်ကူးမြို့နယ် ရွေပြည်ကျေးရွာ ရဲကင်းစခန်းမှာ ဇွန်လ ၂၈ ရက်နေ့ မနေ့ည ၁၁ နာရီလောက်က ရဲတပ်ဖွဲ့အချင်းအချင်း သေနတ်နဲ့ ပစ်ခတ်မှုလို့ ရဲအရာရှိတစ်ဦး ကျဉ်ထိမှန် သေဆုံးသွားတယ်လို့ ဒေသခံတွေရဲ့ ပြောကြားချက်အရ သိရပါတယ်။

ရွှေပြည်ကျေးရွာ ရဲကင်းစခန်းမှာ တာဝန်ကျနေတဲ့ ဒုရဲအုပ်အရာရှိ ရဲကင်းစခန်းမှုးကို တပည့်ဖြစ်သူ ရဲတပ်သားက သေနတ်နဲ့ ပစ်သတ်လိုက်တာဖြစ်ပြီး ဒုရဲအုပ်အရာရှိ ရဲကင်းစခန်းမှုးဟာ အခင်းဖြစ်တဲ့နေရာမှာ သေဆုံးခဲ့တာ ဖြစ်ပါတယ်။

ရွှေပြည်ကျေးရွာ ရဲကင်းစခန်းမှူးဟာ သေနတ်နဲ့ အနည်းဆုံး ခြောက်ချက်ခန့် ပစ်ခတ်ခံလိုက်ရတာလို့ ဒေသခံတွေက ခန့်မှန်းပြောဆိုကြပါတယ်။

သေနတ်ပစ်ခတ်မှုအပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ရောက်ရှိလာကာ အဝတ်တွေနဲ့ ပတ်ထားတဲ့ သေဆုံးသူရုပ် အလောင်းကိုတော့ လူမှုကူညီကယ်ဆယ်ရေး ကားတစ်စီးပေါ် တင်ဆောင်သွားတာတွေ့လိုက်တယ်လို့ ရွှေပြည်ကျေးရွာ ဒေသခံတွေက ပြောပါတယ်။

လက်ရှိရွှေပြည်ရဲကင်းစခန်းမှာ ရဲအင်အား ထပ်မံတိုးမြှင့်ချထားတယ်လို့ သိရပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly