ပျူစောထီးလို့ဟစ်ကြွေးထားတဲ့ အမျိုးသားပစ်သတ်ခံရ

ပျူစောထီးလို့ဟစ်ကြွေးထားတဲ့ အမျိုးသားပစ်သတ်ခံရ

ဇွန် ၂၉

ယင်းမာမြို့နယ်၊ ကပိုင်ကျေးရွာက မိမိကိုယ်ကိုပျူစောထီးလို့ဟစ်ကြွေးထားတဲ့ အမျိုးသားတစ်ယောက် ပစ်သတ်ခံလိုက်ရပါတယ်။

ယင်းမာပင်မြို့နယ်-pdf တပ်ဖွဲ့ဝင်တွေက ပျူစောထီး ရန်နိုင်ဆိုသူကို ဇွန်လ ၂၈ ရက် ည ၁၁ နာရီကျော်မှာ တူမီးသေနတ် နဲ့အနီးကပ် ပစ်သတ်လိုက်တာလို့ ဆိုပါတယ်။ 

“ သူ့မိသားစုဝင်တွေကို မြေပေါ်မှောက်ခိုင်းထားလိုက်တယ်။ ဘာပစ္စည်းမှလည်းမယူဘူး။ ဘယ်သူ့ကိုမှလည်း ဘာမှမလုပ်ဘူး။ အဲ့ဒီ့ ပျူစောထီးကိုပဲ သတ်လိုက်တာ။ နှိပ်လည်း မနှိပ်စက်ပါဘူး။ တန်းပြီး သတ်လိုက်တာ ” လို့ ဒေသခံ တစ်ယောက်ကဆိုပါတယ်။

အခု ပစ်သတ်ခံလိုက်ရတဲ့ ပျူစောထီး ရန်နိုင်ဆိုသူဟာ အရင်စစ်တပ်တွေ ရွာထဲဝင်တိုင်း ဧည့်ခံသူဖြစ်ယုံမက သတင်းပေးတာ၊ လမ်းကြောင်းလိုက်ပြတာတွေကိုလည်း ပြုလုပ်ခဲ့တယ်လို့ဆိုပါတယ်။

သူသတင်းပေးလို့ ဖမ်းဆီး၊ အသတ်ခံရသူတွေလည်းရှိတာကြောင့် မဖြစ်မနေသတ်ပစ်လိုက်ရတာဖြစ်ပြီး နောက်နောင် ဘယ်သူမှ စစ်ကောင်စီသတင်းပေး (ဒလန်) မလုပ်ကြဖို့ တိုက်တွန်းကြောင်းလည်း ယင်းမာပင်မြို့နယ်-PDF ကသတိပေးခဲ့ပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly