ဗီယက်နမ်က ဖမ်းဆီးထားသည့် ပင်လယ်ဓားပြများမှာ အင်ဒိုနီးရှားဘာသာစကားပြောသည်ဟု အစိုးရမီဒီယာက ဖော်ပြ

ဗီယက်နမ်က ဖမ်းဆီးထားသည့် ပင်လယ်ဓားပြများမှာ အင်ဒိုနီးရှားဘာသာစကားပြောသည်ဟု အစိုးရမီဒီယာက ဖော်ပြ
ဗီယက်နမ်က ဖမ်းဆီးထားသည့် ပင်လယ်ဓားပြတို့ အနုကြမ်းစီးခဲ့သည့် MT Orkim Harmony သင်္ဘောကို တွေ့ရစဉ်။ ဓာတ်ပုံ - ဂေါ့ဒေါ့ကွန်

ဟနွိုင်း၊ ဇွန် ၂၁ ။    ။ အစိုးရမီဒီယာ၏ တနင်္ဂနွေနေ့ (ဇွန်၂၁) သတင်းပို့ချက်အရ မလေးရှားအလံတင်ထားသည့် ရေနံတင်သင်္ဘော (tanker)ကို အနုကြမ်းစီးမှုသံသယဖြင့် ဗီယက်နမ်က ဖမ်းဆီးထိန်းသိမ်းခဲ့သည့် လူ ၈ ဦးမှာ အင်ဒိုနိးရှား ဘာသာစကား ပြောကြ ပြီး ၎င်းတို့အား ဖမ်းဆီးစဉ်တွင် ငွေကြေးအမြောက်အမြား ပါလာကြသည်ဟု ဆိုသည်။

ပင်လယ်ပြင်တွင် မတော်တဆမှုကြုံတွေ့လာခဲ့သည်ဟု ပြောဆိုသည့် ထိုလ ူ၈ ယောက်ကို ဗီယက်နမ် အနောက်တောင်ပိုင်း သိုချုကျွန်းသို့ အသက်ကယ်လှေဖြင့် ဆွဲခေါ်လာပြီးနောက် သောကြာနေ့ (ဇွန် ၁၉)က ဖမ်းဆီးထိန်းသိမ်းခဲ့ခြင်းဖြစ်သည်။

ထိုနေ့တစ်နေ့တည်းတွင်ပင် ယခုရက်သတ္တပတ်အစောပိုင်းက MT Orkim Harmony သင်္ဘောကို စီးနင်းခဲ့သူ လူ ၈ ဦးမှာ အမှောင်ကို အကာအကွယ်ယူ၍ စစ်သင်္ဘောများကို ရှောင်ကွင်းကာ အသက်ကယ်လှေတစ်စင်းဖြင့် လွတ်မြောက်သွားခဲ့သည်ဟု မလေးရှားအာဏာပိုင်များက ပြောကြားသည်။

ဤရေနံတင်သင်္ဘောစီးနင်းမှုမှာ အထူးသဖြင့် တန်ဖိုးရှိသော ရေနံ၊ ဒီဇယ်နှင့် ဓာတ်ငွေ့ရည်များကို သယ်ဆောင်လာသည့် သင်္ဘောငယ်များကို ပစ်မှတ်ထားသည့် အရှေ့တောင်အာရှတွင် မြင့်မားလာသော ပင်လယ်ပြင်အနုကြမ်းစီးမှုများ၏ နောက်ကွယ်မှ ပို၍ရဲတင်းလာသော ပင်လယ်ဓားပြများ၏ လတ်တလော အကျဆုံး စီးနင်းမှုပင်ဖြစ်သည်။

အသက် ၁၉ နှစ် ၆၁ နှစ်ကြားရှိ အင်ဒိုနီးရှားစကားပြောသည့် လူ ၈ဦးမှာ သူတို့သယ်ဆောင်လာသည့် မြောက်မြား လှစွာသော နိုင်ငံခြားငွေများနှင့် ဒါဇင်ပေါင်းများစွာသော ဖုန်းများ၏ ဇစ်မြစ်ကို ရှင်းပြနိုင်ခြင်းမရှိဟု VNExpress က ပြောကြားသည်။

''ဒီတရားခံတွေက ခေါင်းမာလွန်းတယ်။ ပူးပေါင်းဖို့ ငြင်းမြဲငြင်းဆန်နေခဲ့တယ်။ အတွေ့အကြုံ သဘာရင့်ပြီး အေးလည်း အေးဆေးတယ်'' ဟု ဗီယက်နမ် ရေကြောင်းရဲတပ်ဖွဲ့မှ ဒုဗိုလ် ဒိုဗန်တိုအင်က ပြောသည်ဟု VNExpress တွင် ကိုးကားဖော်ပြထားသည်။

အခြားရဲအရာရှိတစ်ဦးဖြစ်သည့် ဗိုလ်မှူးကြီး လီ ဗန် မင့်ကလည်း စုံစမ်းစစ်ဆေးသူတွေမှာ အဆိုပါ လူ ၈ ဦးကို တရားစွဲနိုင်သည့် အထောက်အထားများ လုံလုံလောက်ရှိနေသည်ဟု ပြောကြားသည်။

''ဒီအမှုမှာ ဗီယက်နမ်က မလေးရှားနဲ့ တက်တက်ကြွကြွ ပူးပေါင်းဆောင်ရွက်နေပါတယ်။ အဓိကအချက်က သူတို့ ပြစ်မှုကို ဝန်ခံလာအောင် ဘယ်လိုလုပ်မလဲဆိုတာ ပါပဲ'' ဟုလည်း ၎င်းက ထပ်လောင်းပြောကြားသည်။

ထိုလူ ၈ ဦးမှာ မည်သည့်နိုင်ငံသားများ ဖြစ်သည်ကို ဖော်ထုတ်ပေးရန် ဂျာကာတာက ဟနွိုင်းသံရုံးကို အမိန့်ပေးထားသည်ဟုလည်း အင်ဒိုနီးရှား နိုင်ငံပိုင် သတင်းအေဂျင်စီက ပြောသည်။

MT Orkim Harmony ရေနံတင်သင်္ဘောမှာ ကန်ဒေါ်လာ ၅ ဒသမ ၆ သန်းခန့် တန်ဖိုးရှိမည့် ရေနံ တန် ၆,၀၀၀ နီးပါးကို သယ်ဆောင်ကာ မလေးရှား အနောက်ဘက် ကမ်းရိုးတန်းမှ အရှေ့ဘက်ကမ်းရိုးတန်းရှိ ကူအန်တန်ဆိပ်ကမ်းသို့ ခုတ်မောင်းသွားစဉ် ဇွန်လ ၁၁ရက်က ပျောက်ဆုံးသွားခဲ့သည်။

ပေါင်တွင် သေနတ်ဒဏ်ရာ ရရှိသွားသည့် အင်ဒိုနီးရှား သင်္ဘောသားတစ်ယောက်မှလွဲလျှင် သင်္ဘောသား ၂၂ ယောက်စလုံးမှာ အန ္တရာယ်ကင်းခဲ့သည်ဟု မလေးရှားရေတပ်က သောကြာနေ့ (ဇွန်၁၉)က ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly