စစ်ကောင်စီတပ်တွေ တပ်စွဲထားတဲ့ မေတ္တာညွန့်ရပ်ကွက်က အဝေရာလမ်းမှာ ဗုံးပေါက်ပြီးနောက် ရပ်ကွက်ထဲအထိ ဝင်ပစ်

စစ်ကောင်စီတပ်တွေ တပ်စွဲထားတဲ့ မေတ္တာညွန့်ရပ်ကွက်က အဝေရာလမ်းမှာ ဗုံးပေါက်ပြီးနောက် ရပ်ကွက်ထဲအထိ ဝင်ပစ်
Photo - CJ

ဇွန် ၂၉

ရန်ကုန်တိုင်း၊ တာမွေမြို့နယ် မေတ္တာညွန့် ရပ်ကွက်က စစ်ကောင်စီတပ်တွေ တပ်စွဲထားတဲ့ အဝေရာလမ်းမှာ ဗုံးပေါက်ကွဲခဲ့ပါတယ်။

ဒီကနေ့ ဇွန်လ ၂၉ရက် မနက် ၁၁နာရီအချိန်လောက်က အဝေရာလမ်းက စစ်ကောင်စီတပ်တွေတပ်စွဲထားတဲ့ နေရာကို လူငယ်တစ်စုက ဗုံးလာပစ်သွားပြီး ပေါက်ကွဲမှု ဖြစ်ပွါးခဲ့တယ်လို့ ရပ်ကွက်နေပြည်သူတစ်ဦးက ပြောပါတယ်။ ထိခိုက်မှု အခြေအနေကိုတော့ မသိရသေးပါဘူး။ 

ပေါက်ကွဲမှု ဖြစ်ပြီးတဲ့နောက်မှာ စစ်အုပ်စုက ရပ်ကွက်ထဲအထိ ဝင်ပစ်ပြီး ရှာဖွေစစ်ဆေးတာတွေ လုပ်နေတယ်လို့ သိရပါတယ်။

“ လမ်းတွေထဲမှာ ဆဲဆိုပြီး စစ်ဆေးတာတွေလုပ်နေတယ်၊ ဖြတ် သမျှ လူတိုင်းကို ဒူးထောက်ထားခိုင်းတယ်။ ကားသမားတွေဆိုလဲ စွဲချပြီး စစ်နေတယ်၊ ရပ်ကွက်ထဲကို မွှေနေတယ်” လို့ ရပ်ကွက်နေပြည်သူက ပြောဆိုပါတယ်။

ရန်ကုန်မြို့မှာ ပေါက်ကွဲမှုတွေ ခပ်စိတ်စိတ်ဖြစ်လာနေပြီး စစ်ကောင်စီတပ်တွေက နေရာအနှံ့မှာ လမ်းပိတ်စစ်ဆေးတာတွေကို အရှိန်အဟုန်မြှင့်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly