သထုံမြို့နယ်မှာ KNU ပစ်ခတ်လို့ စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦး သေဆုံး

သထုံမြို့နယ်မှာ KNU ပစ်ခတ်လို့ စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦး သေဆုံး

ဇွန် ၂၉

သထုံမြို့နယ် ပိန္နဲတောကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းကို KNU က စနိုက်ဘာနဲ့ သွားရောက်ပစ်ခတ်ခဲ့တဲ့အတွက် အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦး သေဆုံးသွားတယ်လို့ KNU က ဒီကနေ့မှာ (ဇွန်လ ၂၉ ရက်) သတင်းထုတ်ပြန်ထားပါတယ်။

အဲဒီပိန်းနဲတောကျေးရွာမှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်အုပ်စု လက်အောက်ခံ  ရှေ့တန်းတပ်မဌာနချုပ် စခန်းအရှေ့ကို ပြီးခဲ့တဲ့ ဇွန်လ ၂၇ ရက်နေ့မှာ KNU က စနိုက်ဘာနဲ့ သွားရောက်ပစ်ခဲ့ရာမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦး ကျည်ထိမှန် သေဆုံးခဲ့တာလည်း ဖြစ်ပါတယ်။

KNU က သွားရောက်ပစ်ခတ်ခဲ့တဲ့ တပ်စခန်းဟာ ကျိုက်ကော်- လေးကေ အဝေးပြေးလမ်းမဘေးမှာ တည်ရှိပြီး ပစ်ခတ်မှုအပြီး ဒေသခံပြည်သူတွေ၊ ကား၊ ဆိုင်ကယ်တွေကို ဖြတ်သန်းသွားလာခွင့် ပိတ်ထားတယ်လို့ သိရပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly