Hitachi သယ်ယူပို့ဆောင်ရေးလုပ်ငန်းက အိန္ဒိယတွင် လုပ်ငန်းဌာန ၄ ခု လာရောက်ဖွင့်လှစ်မည်

Hitachi သယ်ယူပို့ဆောင်ရေးလုပ်ငန်းက အိန္ဒိယတွင် လုပ်ငန်းဌာန ၄ ခု လာရောက်ဖွင့်လှစ်မည်

ဂျပန်နိုင်ငံ၏Hitachi Transport System အဖွဲ့က အမေရိကန်ဒေါ်လာ ၁၀၈ သန်း သုံးစွဲကာ အိန္ဒိယတွင် သယ်ယူပို့ဆောင်ရေး လုပ်ငန်းဌာန ၄ ခု ဖွင့်လှစ်မည်ဖြစ်သည်။

လုပ်ငန်းဌာနများကို ချန်နိုင်းနှင့် မွမ်ဘိုင်းတို့၌ လာမည့်နှစ်တွင် လည်းကောင်း၊ ဒေလီနှင့် ဘန်ဂလောတို့၌ ၂၀၂၅ ခုနှစ်နှင့် ၂၀၂၆ ခုနှစ်တို့တွင် လည်းကောင်း တည်ဆောက်ရန် ပြင်ဆင်လျှက်ရှိသည်။

ချန်နိုင်းနှင့် မွမ်ဘိုင်းတို့၌ စတင်ဆောက်လုပ်နေသည့် လုပ်ငန်းနေရာများတွင် ကြမ်းပြင်အကျယ် စတုရန်းမီတာ ၄၀၀၀၀ မှ ၅ သောင်းအထိ ပါဝင်မည်ဖြစ်သည်။

ဂျပန်၊ ဥရောပနှင့် တောင်ကိုရီးယားနိုင်ငံတို့မှ ကားနှင့် အခြားပစ္စည်းထုတ်လုပ်သူ အများအပြားတို့သည် အဆိုပါ မြို့ကြီး ၄ မြို့တွင် လုပ်ငန်းများရှိကာ Hitachi Transport System အဖွဲ့က ကားနှင့် လျှပ်စစ်ပစ္စည်း အစိတ်အပိုင်းများကို သယ်ယူပို့ဆောင်ပေးသွားမည်ဖြစ်သည်။

အဆိုပါ မြို့ကြီးများမှတစ်ဆင့် အရှေ့အလယ်ပိုင်းနှင့် အခြားနေရာများသို့ ဈေးကွက် ကွန်ရက်တည်ဆောက်ရန်လည်း ရည်ရွယ်ထားသည်။

Hitachi Transport သည် ၂၀၁၀ ပြည့်နှစ်က အိန္ဒိယနိုင်ငံမှ Flyjac Logistics ကို ယန်းငွေ ၅ ဘီလျံဖြင့် ဝယ်ယူကာ အဆိုပါ လုပ်ငန်း၏ ၂၅ နေရာမှ ပို့ဆောင်ရေး ကွန်ရက်ကို အသုံးပြုရန် ရည်ရွယ်ခဲ့သော်လည်း အိန္ဒိယ၏ ကုန်ပစ္စည်းပို့ဆောင်ရေးကဏ္ဍတွင် အခွန်စနစ်ရှုပ်ထွေးသောကြောင့် မျှော်မှန်းထားသည့် လုပ်ငန်းပမာဏကို မဆောင်ရွက်နိုင်ခဲ့ပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly