မြောက်ပိုင်းဝါဇီရီစတန်တွင် ပါကစ္စတန်က စစ်ဆင်ရေးတစ်ခု ပြုလုပ်

By islamkhabar
29 June 2021
မြောက်ပိုင်းဝါဇီရီစတန်တွင် ပါကစ္စတန်က စစ်ဆင်ရေးတစ်ခု ပြုလုပ်

နိုင်ငံခြားနှင့် ပြည်တွင်းအကြမ်းဖက်သမားများတည်ရှိသည့် မြောက်ပိုင်းဝါဇီရီစတန်ခရိုင်တွင် ပါကစ္စတန်တပ်ဖွဲ့များက စစ်ဆင်ရေးတစ်ခု ပြုလုပ်ခဲ့ရာတွင် စစ်သားတစ်ဦးနှင့် စစ်သွေးကြွ နှစ်ဦး သေဆုံးခဲ့ကြောင်း အစိုးရက ပြောကြားခဲ့သည်။

ထိုဒေသရှိစစ်သွေးကြွများအား ထိုးစစ်ဆင်မှုများ လုပ်ဆောင်ခဲ့ပြီးနောက် မြောက်ပိုင်းဝါဇီရီစတန်နှင့် အခြားလူမျိုးစုဒေသ ၆ ခုကို ခိုင်ဘာပတ်ခ်တွန်ခါဝါပြည်နယ်ထဲသို့ မကြာသေးမီနှစ်များအတွင်းက ပေါင်းစည်းခဲ့သည်။

စစ်သွေးကြွများ၏ တည်နေရာကို သိနိုင်ရန် စစ်တပ်က ထောက်လှမ်းစုံစမ်းမှုများပြုလုပ်ခဲ့ရာတွင် အကြမ်းဖက် တိုက်ခိုက်ရေးသမားများသည် လုံခြုံရေးတပ်ဖွဲ့များအား တိုက်ခိုက်မှုများတွင် ပါဝင်နေသလို ပိတ်ပင်တားမြစ်ထားသည့် ပါကစ္စတန် တာလီဘန်အုပ်စုနှင့် ပတ်သက်နေသည်ဟု ပါကစ္စတန်စစ်တပ်က ဆိုသည်။

လုံခြုံရေးတပ်ဖွဲ့များအား ၎င်းတို့က စတင်ပစ်ခတ်ပြီးနောက် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ရာတွင် စစ်သွေးကြွနှစ်ဦးနှင့် စစ်သားတစ်ဦး သေဆုံးခဲ့သည်။

အာဖဂန်နစ္စတန်မှ အမေရိကန်တပ်များ ရုပ်သိမ်းသည့်အခါ အမေရိကန်အား ဒေသတွင်းအခြေစိုက်စခန်းများ တည်ဆောက်ရန်ခွင့်ပြုလိမ့်မည်မဟုတ်ကြောင်း ပါကစ္စတန်က အကြိမ်ကြိမ် ပြောကြားခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly