အာဖဂန်ထောက်လှမ်းရေးအဖွဲ့က နယ်မြေပိုင်နက်အတွင်းရောက်နေသည့် ပါကစ္စတန်စစ်သားကို ဖမ်းဆီး

By islamkhabar
29 June 2021
အာဖဂန်ထောက်လှမ်းရေးအဖွဲ့က နယ်မြေပိုင်နက်အတွင်းရောက်နေသည့် ပါကစ္စတန်စစ်သားကို ဖမ်းဆီး

ပါကစ္စတန်စစ်ဖက်အရာရှိတစ်ဦးဖြစ်သူ အေဇမ်အက်ထာကို အာဖဂန်နစ္စတန်ပိုင်နက်နယ်မြေတွင် ထောက်လှမ်းရေးများက ဖမ်းဆီးလိုက်သည်။

၎င်းအနေဖြင့် တာလီဘန်များနှင့် ပူးပေါင်းတိုက်ခိုက်ရန်နှင့် အာဖဂန်တွင် ဖျက်ဆီးရေးလုပ်ငန်းများ လုပ်ကိုင်ရန်ဖြစ်သည်။

တာလီဘန်များနှင့်အတူ တိုက်ပွဲဝင်ရန် ရည်ရွယ်ထားသည်ဟု အေဇမ်အက်ထာက အဖမ်းခံရပြီးနောက် သတင်းထောက်များကို ပြောကြားခဲ့သည်။ နိုင်ငံခြားတပ်ဖွဲ့များ ပြန်လည်ဆုတ်ခွာနေစဉ် တာလီဘန် အကြမ်းဖက်သမားများက အာဖဂန်နစ္စတန်တွင် ထိုးစစ်ဆင်လာစဉ် ယင်းသို့အဖမ်းခံရခြင်းဖြစ်သည်။ သူသည် တစ်နှစ်ခွဲကြာ စစ်သင်တန်းတက်ခဲ့ရသည်။

“ကက်ရှ်မီးယားမှာ တိုက်ခိုက်ဖို့ ကျွန်တော့်ကို လွှတ်လိုက်တယ်။ ပြီးတော့ ပက်ရှ်ဝါမှာ၊ ပက်ရှ်ဝါပြီးတော့ ပါရာချီနာက တာလီဘန်တွေပါဝင်တဲ့ စစ်တပ်အခြေစိုက်စခန်းတစ်ခုကို ပို့လိုက်ပါတယ်” ဟု သူက သတင်း ထောက်များကို ပြောကြားခဲ့သည်။

ရက်အနည်းငယ်အကြာတွင် နယ်စပ်တစ်ဘက်တွင် ပါကစ္စတန်စစ်သားများ၊ တာလီဘန်များနှင့်အတူ တိုက်ပွဲဝင်နေသည့် အခြားအရာရှိများရှိနေသေးကြောင်း ပါကစ္စတန်အာဏာပိုင်များက သူ့ကို ပြောကြားခဲ့သည်။

ပါကစ္စတန်သည် တာလီဘန်များကို အကူအညီပေးနေကြောင်းနှင့် ၎င်းတို့အကျိုးစီးပွားအတွက် တာလီဘန်များကို ကြားခံအဖြစ် အသုံးပြုနေကြောင်း စွပ်စွဲခံထားရသည်။

အာဖဂန်တာလီဘန်များအား အခြေစိုက်စခန်းများထောက်ပံ့ပေးနေသည်ဟု အာဖဂန်နစ္စတန်က ပါကစ္စတန်အား ကာလကြာရှည်ကတည်းက စွပ်စွဲထားသည်။

၂၀၂၀ပြည့်နှစ် ဒီဇင်ဘာလက ပါကစ္စတန်အထက်လွှတ်တော်အမတ်ဟောင်းတစ်ဦးက အာဖဂန်နစ္စတန်တွင် မဟာဗျူဟာအရ ထဲထဲဝင်ဝင် ကြီးစိုးနိုင်ရေးအတွက် ပါကစ္စတန်က တာလီဘန်များအား “လက်နက်” တစ်ခုအနေဖြင့် အသုံးပြုနေကြောင်း ပြောကြားခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required