စစ်ကွင်းရဲစခန်း ရဲနှင့်အချုပ်သား ၂၇ဦး ကိုဗစ်ပိုးကူးစက်ခံရ

စစ်ကွင်းရဲစခန်း ရဲနှင့်အချုပ်သား ၂၇ဦး ကိုဗစ်ပိုးကူးစက်ခံရ

ဇွန် ၂၈

သာယာဝတီခရိုင် စစ်ကွင်းမြို့ ရဲစခန်းရှိ ရဲတပ်ဖွဲ့ဝင် ရှစ်ဦး၊ အချုပ်သား ၁၈ ဦး နှင့် ပြင်ပလူ တစ်ဦးစုစုပေါင်း၂၇ ဦးတွင် ကိုဗစ်ပိုးကူးစက်ခံရကြောင်း ဇွန်လ၂၈ရက်နေ့က တွေ့ရှိကြောင်း ပရဟိတလုပ်ကိုင်နေသူများအပြောအရ သိရသည်။

ရဲစခန်းရှိအချုပ်သားတစ်ဦး ပြစ်ဒဏ်ကျခံရ၍ သာယာဝတီထောင်သို့ပို့စဉ် ကိုဗစ်ပိုးစစ်ဆေးရာမှ ပိုးတွေ့ရှိခဲ့ပြီး ၎င်းနှင့်ထိစပ်ခဲ့သည့် ရဲစခန်းအတွင်းနေထိုင်သူ ၄၀ ကျော်ကို ဆက်လက်စစ်ဆေးရာမှ ပိုးတွေ့ရှိလူနာများပေါ်လာခြင်းဖြစ်သည်။

"သာယာဝတီထောင်ကိုပို့တဲ့ တစ်ယောက်မှာပိုးအရင်စတွေ့တာ အဲ့ကနေဆက်ပြီးတွေ့တာပေါ့နော်" စစ်ကွင်းစေတနာ့ဝန်ထမ်းတစ်ဦးက ပြောသည်။

စစ်ကွင်းမြို့တွင်လည်း ကိုဗစ်-၁၉ ပျံ့နှံ့နေရာ စစ်ကွင်းအထက်တန်းကျောင်းကိုပိတ်၍ ကွာရန်တင်းစင်တာပြင်နေသည်။

စစ်ကွင်းမြို့သည် ကိုဗစ်ပိုးအများဆုံးတွေ့သည့် လက်ပံတန်းမြို့နှင့် မင်းလှမြို့အကြားတွင်ရှိပြီး ယနေ့အထိကိုဗစ်ပိုးကူးစက်ခံရသူ ၃၀ဦးရှိနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly