ရခိုင်က ကိုဗစ်တတိယလှိုင်းနဲ့ပတ်သက်လို့ ကျန်းမာရေးတာဝန်ရှိသူ အကြံပြုချက်

28 June 2021
ရခိုင်က ကိုဗစ်တတိယလှိုင်းနဲ့ပတ်သက်လို့ ကျန်းမာရေးတာဝန်ရှိသူ အကြံပြုချက်

ရခိုင်ပြည်နယ်မှာ ကိုဗစ် ၁၉ ကူးစက်မြန်ရောဂါ တတိယလှိုင်းအတွင်း ဇွန်လ ၂၇ ရက်နေ့အထိ ကိုဗစ်အတည်ပြုလူနာ ၁၁၄ ဦး တွေ့ရှိထားပြီး စစ်တွေမြို့မှာ ၈၀ ဦး၊ သံတွဲမှာ ၂၃ ဦးနဲ့ မောင်တောက ၁၁ ဦး ဖြစ်တယ်လို့ ပြည်နယ်ကျန်းမာရေးဌာန စာရင်းတွေအရ သိရပါတယ်။
စစ်တွေမြို့ခံ အသက် (၃၅) နှစ်အရွယ် အမျိုးသမီးတစ်ဦး ကိုဗစ်ပိုးကူးစက်ခံရလို့ ဒီကနေ့ (ဇွန်လ ၂၈ ရက်) မနက်ပိုင်းက သေဆုံးခဲ့ပြီး ကိုဗစ်တတိယလိုင်းအတွင်း ရခိုင်ပြည်နယ်မှာ ပထမဆုံး သေဆုံးသူ ဖြစ်ပါတယ်။
ရခိုင်ပြည်နယ်အတွင်း ကိုဗစ် ၁၉ တတိယလိုင်းနဲ့ ပတ်သက်ပြီး ဘာတွေပြင်ဆင်နေလဲ၊ ဘယ်လိုညွှန်ကြား ချက်တွေ ရှိနေလဲဆိုတာကို ရခိုင်ပြည်နယ်ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစိုးဝင်းပိုင်ကို မဇ္ဈိမက ဆက်သွယ်မေးမြန်းထားပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly