ပဲခူး ထုံကြီးကျေးရွာအထကကျောင်းသား ၃၅ဦး ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရ

ပဲခူး ထုံကြီးကျေးရွာအထကကျောင်းသား ၃၅ဦး ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရ

ဇွန် ၂၈

ကိုဗစ်ပိုးစစ်ဆေးချက်အရ ပဲခူးမြို့နယ် ထုံကြီးကျေးရွာအထက်တန်းကျောင်းမှ ကျောင်းသား/သူ၃၅ဦးတွင် ကိုရိုနာဗိုင်ရပ်စ်ပိုး ကူးစက်ခံရကြောင်း ဇွန်လ ၂၈ ရက်နေ့က စစ်ဆေးတွေ့ရှိခဲ့ရသည်ဟု ပရဟိတလုပ်ကိုင်နေသူများအပြောရသိရသည်။ 

ကျောင်းဆရာမနှစ်ဦးတွင် အနံ့ပျောက်ရာမှ စစ်ဆေးကြည့်ရာ ကိုဗစ်-၁၉ ပိုးတွေ့ရှိခဲ့ပြီး ကျောင်းမှ ဆရာ/မများ ကျောင်းသား/သူ ၆၀ကျော်ကို ကွာရန်တင်းဝင်စေပြီး စစ်ဆေးရာက ဗိုင်းရပ်စ်ပိုးတွေ့ရှိသူများတွေ့ရခြင်းဖြစ်သည်။

"ဒီနေ့ပဲ...ထုံကြီးမှာက ၃၅ယောက်ကူးသွားပြီ ။ သူတို့နဲ့ပတ်သတ်တဲ့သူတွေကို စုံစမ်းနေဆဲပဲ။ ဆရာမနှစ်ယောက်နဲ့ထိတွေ့တွေပေါ့ "ဟု အမည်မဖော်လိုသည့် ပရဟိတလုပ်ကိုင်နေသူတစ်ဦးကပြောသည်။ 

ယနေ့တွင် ဟိုတယ်ကွာရန်တင်းဝင်သူ ခြောက်ဦး၊မြို့ပေါ်ရပ်ကွက်မှ ရှစ်ဦးနှင့် ထုံကြီး အထကကျောင်းမှ ၃၅ ဦး စုစုပေါင်း ၄၉ဦးပိုးတွေ့ရှိခဲ့သည်။ 

 ပဲခူးမြို့နယ်တွင်  ဇွန်လမှစတင်ကာ ကိုဗစ်ပိုးကူးစက်ခံရသူ ၁၂၀ကျော်ရှိနေသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly