ထိုင်းနိုင်ငံ မဲဆောက်မြို့မှာ မြန်မာရွှေ့ပြောင်းအလုပ်သမား ၅၀၀ နီးပါး ကိုဗစ်-၁၉ ပိုးတွေ့ရှိ

ထိုင်းနိုင်ငံ မဲဆောက်မြို့မှာ မြန်မာရွှေ့ပြောင်းအလုပ်သမား ၅၀၀ နီးပါး ကိုဗစ်-၁၉ ပိုးတွေ့ရှိ
ဓာတ်ပုံ - U Moe Kyo

ဇွန် ၂၈

ထိုင်းနိုင်ငံ မဲဆောက်မြို့မှာ မြန်မာရွှေ့ပြောင်းအလုပ်သမား ၄၅၀ ကျော်မှာ ကိုဗစ်-၁၉ ပိုးတွေ့ရှိ ခဲ့တာကြောင့် အဆိုပါ အလုပ်သမားတွေ လုပ်ကိုင်နေတဲ့ စက်ရုံ ၂ ရုံကို လော့ဒေါင်းချ ကြပ်မတ် စောင့်ကြည့်နေပါတယ်။

ဇွန်လ ၂၅ ရက်နေ့က ပထမဆုံးအဖြစ် မြန်မာရွှေ့ပြောင်းအမျိုးသမီးတစ်ဦးထံကနေ ကိုဗစ်ပိုး တွေ့ရှိခဲ့တာဖြစ်ပြီး သူနဲ့ပတ်သက်ဆက်နွယ်သူတွေကို ထပ်မံစစ်ဆေးရာကနေ အခုလို ၄၅၀ ကျော်မှာ ပိုးတွေ့ရှိခဲ့တာဖြစ်ပါတယ်။

ဓာတ်ပုံ - U Moe Kyo

ထိုင်းအာဏာပိုင်တွေက အဆိုပါပိုးတွေ့ရှိလူနာတွေကို သူတို့ရဲ့နေအိမ်တွေမှာပဲ ၁၄ ရက် ကြပ်မတ် စောင့်ကြည့်အနေအထားနဲ့ ကုသပေးနေတာဖြစ်ပြီး ပိုးတွေ့ရှိတဲ့ မြန်မာတွေ နေထိုင်တဲ့ အိမ်ခန်း လိုင်းခန်းတွေကို လော့ဒေါင်းချထားတယ်လို့ မဲဆောက်မြို့ အခြေစိုက် မြန်မာပြည်သားအေရး ပူးတွဲလုပ်ရှားမှု ကော်မတီ (JACAB) ဥက္ကဋ္ဌ ဦးမိုးကြိုးက ပြောပါတယ်။

ပိုးတွေ့လူနာအများစုဟာ မြန်မာရွှေ့ပြောင်းအလုပ်သမား ၃၀၀၀ လောက် နေထိုင်နေတဲ့ မဲ့တောင်ကန်ကျေးရွာမှာ နေထိုင်ကြသူတွေ ဖြစ်ပါတယ်။

ဓာတ်ပုံ - U Moe Kyo

ပိုးတွေ့ရှိမှုနောက်ဆက်တွဲအဖြစ် မဲဆောက်မြို့က အထက်တန်းကျောင်းအပါအဝင် ကျောင်းအား လုံး အကန့်အသတ်မရှိ ပိတ်ထားလိုက်ရတယ်လို့ ဆိုပါတယ်။

ထိုင်းနိုင်ငံအတွင်း ဇွန် ၂၆ ရက်နေ့ မနက်ပိုင်းထိ  ကိုဗစ်-၁၉ ပိုးတွေ့လူနာသစ် ၄၁၆၁ ဦး တွေရှိ ပြီး အဆိုပါ ကိုဗစ်-၁၉ ပိုးတွေ့လူနာများအနက် အပြင်လူ ၄၀၈၉ ဦး နဲ့  ထောင်အတွင်းရှိနေသူ ၇၂ ဦး ပါဝင်ပြီး သေဆုံး ၅၁ ဦးအထိရှိပြီဖြစ်တယ်လို့ ထိုင်းကျန်းမာရေးဌာနက ထုတ်ပြန်ထားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly