လက်ဝါးကြီးအုပ်သည့် သတင်းများထွက်ပြီးနောက် တရုတ်က ဘင်္ဂလားဒေ့ရှ်အား ငွေကြေး ထောက်ပံ့မှု ရုပ်သိမ်း

လက်ဝါးကြီးအုပ်သည့် သတင်းများထွက်ပြီးနောက် တရုတ်က ဘင်္ဂလားဒေ့ရှ်အား ငွေကြေး ထောက်ပံ့မှု ရုပ်သိမ်း

ထပ်မံကုန်ကျစရိတ်များအဖြစ် ဘင်္ဂလားဒေ့ရှ်ငွေကြေး တာကာ သန်းပေါင်းထောင်နှင့်ချီကို အလွဲသုံးစား လုပ်သည့် ဆိုးရွားသော လက်ဝါးကြီးအုပ် ခြယ်လှယ်မှုသတင်းများထွက်ပေါ်ခဲ့ပြီးနောက် တရုတ်က ဘင်္ဂလားဒေ့ရှ်တွင် အနည်းဆုံးစီမံကိန်း ၃ ခုထက်မနည်းကို ငွေကြေးထောက်ပံ့မှု ရပ်ဆိုင်းလိုက်သည်။

သဘောတူညီချက်အရ စီမံကိန်းများအတွက် ကန်ထရိုက်တာများကို အပြည်ပြည်ဆိုင်ရာ တင်ဒါများမှတဆင့် ငှားရမ်းရန်အခွင့်အရေးမရှိပေ။ တရုတ်မှ ငှားရမ်းထားသော ကုမ္ပဏီများသာ အလုပ်အကိုင်ရကြပြီး ယင်းတို့က ကုန်ကျစရိတ်များကို စိတ်ကြိုက်သတ်မှတ်ထားသဖြင့် အမှန်တကယ် ကုန်ကျစရိတ်ထက် အနည်းဆုံး ၂၅ ရာခိုင်နှုန်း ပိုများသည်။

၂၀၂၀ ပြည့်နှစ်က ပြည်တွင်းမီဒီယာများတွင် ယင်းကိစ္စကို ဖော်ပြပြီးနောက်တွင် အစိုးရက သိရှိခဲ့သဖြင့် ဒေသခံပညာရှင်များအား ကုန်ကျစရိတ်အကဲဖြတ်မှု စတင်ပြုလုပ်စေခဲ့ရာမှ တရုတ်၏ ခြယ်လှယ်မှုကို သိရှိခဲ့ရသည်။

တရုတ်က စီမံကိန်းတစ်ခုအတွက် ရန်ပုံငွေကို တရားဝင်ရုပ်သိမ်းလိုက်ပြီး ဖြစ်သည်။ ယင်းစီမံကိန်းမှာ မြို့တော်ဒါကာအနီးရှိ ဂတ်ဇူပါခရိုင် ဂျိုင်ဒတ်ပါမှ ပတ်နာခရိုင် အစ်ဝါဒီဒီအထိ နှစ်လမ်းတွဲ မီးရထားလမ်း တည်ဆောက်ရန်ဖြစ်သည်။

ထို့ပြင် တရုတ်ကန်ထရိုက်တာက အက်ခ်ဟရာမှ ဆေလ်ဟက်သို့ သွားမည့် နှစ်လမ်းတွဲ မီးရထားလမ်းကို တစ်လမ်းသွားလမ်းအဖြစ်သို့ ပြောင်းလဲလိုက်သည့်အတွက် ယင်းစီမံကိန်းကိုလည်း မလုပ်ဖြစ်တော့ကြောင်း ကြေညာခဲ့သည်။

ထို့အပြင် မိုင်မန်ဆင်းချ် မှတစ်ဆင့် ဂျိုင်ဒတ်ပါမှ ဂျာမယ်ပါအထိ နှစ်လမ်းတွဲ မီးရထားလမ်းကို တည်ဆောက်မည့် စီမံကိန်း၏ အနာဂတ်သည်လည်း မသေချာတော့ပေ။

ရထားလမ်းသတင်းရင်းမြစ်အဆိုအရ စီမံကိန်းသုံးခု၏ ငွေကြေးထောက်ပံ့မှု၊ ကန်ထရိုက်တာများငှားရမ်းရန် အခြေအနေများ၊ ကုန်ကျစရိတ်ကိုဆုံးဖြတ်ရန်လုပ်ငန်းစဉ်သည်လည်း မသေချာတော့ပေ။

ရလဒ်အနေနှင့် အကယ်၍ တရုတ်က စီမံကိန်းတစ်ခုမှ ဆုတ်ခွာလျှင် ကျန်နှစ်ခုမှာ အလားတူဖြစ်နိုင်သည်။

ယင်းစီမံကိန်း ၃ ခုကို တရုတ်နိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ် အစိုးရအချင်းချင်း အတည်ပြုခဲ့ကြခြင်း ဖြစ်သည်။ တရုတ်ကလည်း အစိုးရချေးငွေစီမံကိန်းများအတွက် တရုတ်ကန်ထရိုက်တာများကို ခန့်ထားလေ့ရှိသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly