လွတ်လပ်သော တိဘက်အဖွဲ့က ဝက်စ်မင်စတာတံတားတွင် အလံကို လွှင့်ထူ၍ ပေကျင်းဆောင်းရာသီအိုလံပစ်အား သပိတ်မှောက်ရန် တောင်းဆို

By Zee5
28 June 2021
လွတ်လပ်သော တိဘက်အဖွဲ့က ဝက်စ်မင်စတာတံတားတွင် အလံကို လွှင့်ထူ၍ ပေကျင်းဆောင်းရာသီအိုလံပစ်အား သပိတ်မှောက်ရန် တောင်းဆို

တိဘက်လူမျိုးများ၏ အခွင့်အရေးအတွက် တိုက်ပွဲဝင်နေသော လွတ်လပ်သော တိဘက်(Free Tibet ) အဖွဲ့သည် ဝက်စ်မင်စတာတံတားတွင် ဇွန် ၂၃ ရက်က အလံလွှင့်ထူရင်း ပေကျင်းဆောင်းရာသီအိုလံပစ်ပွဲအား သံတမန်ရေးရာ သပိတ်မှောက်ရန်အတွက် တောင်းဆိုလိုက်သည်။

တရုတ်၏ တုန်လှုပ်ခြောက်ခြားဖွယ် လူ့အခွင့်အရေးချိုးဖောက်မှုများကို အသိအမှတ်ပြုရန်နှင့် ၂၀၂၂ ပေကျင်းအိုလံပစ်ပွဲတော်အား သပိတ်မှောက်ရန် ဗြိတိန်အစိုးရကို ၎င်းတို့က တောင်းဆိုခဲ့သည်။

ပြည်သူအများအပြားက ၎င်းတို့ထံသို့ ချည်းကပ်ကာ ယင်းလှုပ်ရှားမှုအကြောင်းနှင့် မည်ကဲ့သို့ ပံ့ပိုးမှု ဖြစ်စေမည်နည်းဟု မေးမြန်းလာခြင်းက ယင်းလှုပ်ရှားသည် လူများ၏ အာရုံစိုက်မှုရရှိကြောင်း ဖော်ပြနေသည်ဟု လွတ်လပ်သောတိဘက်အဖွဲ့က ပြောကြားသည်။

ဆန္ဒပြသူများသည် ဒေါင်းနင်းလမ်းအပြင်ဘက်တွင်လည်း စုရုံးကြလိမ့်မည်ဖြစ်ပြီး ဝန်ကြီးချုပ် ဘော့ဂျွန်ဆင်အား ခေါင်းဆောင်မှုကို ပြသရန် ဆောင်းရာသီအားကစားပွဲတော်သို့ မတက်ရောက်ရန်နှင့် ဗြိတိန်အိုလံပစ် အသင်းအား ပေကျင်းသို့ မပို့ရန် တိုက်တွန်းသွားမည်ဟု ယင်းအဖွဲ့က ဆိုသည်။

၂၀၂၂ခုနှစ် ဆောင်းရာသီအားကစားပွဲတော်ကို သံတမန်ရေးအရ သို့မဟုတ် အပြည့်အဝ သပိတ်မှောက်ရန် အတွက် ဗြိတိန်အစိုးရကို တောင်းဆိုနေသည့် လွှတ်တော်အမတ်များလည်း များပြားလာနေသည်ဟု Free Tibet က ပြောကြားခဲ့သည်။

တိဘက်များ၊ဝီဂါများ၊ မွန်ဂိုလီးယား တောင်ပိုင်းသားများ၊ ဟောင်ကောင်သားများ၊ ထိုင်ဝမ်နှင့် တရုတ်လူမျိုးများ ပါဝင်သည့် လှုပ်ရှားသူများက ဇွန်လ ၂၃ရက်တွင်ကျရောက်သည့် အပြည်ပြည်ဆိုင်ရာအိုလံပစ်နေ့တွင် ကမ္ဘာတစ်ဝန်းရှိ မြို့ပေါင်း ၆၀ ကျော်တွင် ကမ္ဘာ့ခေါင်းဆောင်များ၊ အမျိုးသားအိုလံပစ်ကော်မတီများ၊ အိုလံပစ်ပွဲ ကမကထပြုသူများနှင့် စိတ်ဝင်စားသူများကို ၂၀၂၂ ခုနှစ် ပေကျင်းပွဲတော် သို့မဟုတ် လူမျိုးတုံးသတ်ဖြတ်မှု ပွဲတော်ကို သပိတ်မှောက်ရန် တိုက်တွန်းခဲ့ကြသည်။

“ပေကျင်း မဟုတ်သည့် ၂၀၂၂ ခုနှစ် ကမ္ဘာလုံးဆိုင်ရာလှုပ်ရှားမှုနေ့” ခေါင်းစဉ်အောက်တွင် ယင်းဆန္ဒပြမှုကို စည်းရုံး ပြုလုပ်ခဲ့သည်။

တိဘက်၊ မွန်ဂိုလီးယားတောင်ပိုင်း၊ ဟောင်ကောင်နှင့် တရုတ်သြဇာလွှမ်းမိုးသော ဒေသများနှင့် ထိုင်ဝမ်အား ပထဝီနိုင်ငံရေးအရ အနိုင်ကျင့်စော်ကားမှုကဲ့သို့သော ပြင်းထန်သည့် ဖိနှိပ်မှုများ များပြားလာနေစဉ် ဝီဂါများအပေါ်လူမျိုးတုံးသတ်ဖြတ်မှုအား ၂၀၂၂ ခုနှစ်တွင် “ အားကစားဖြင့် ဆေးကြောရန်” တရုတ်၏ ကြိုးပမ်းမှုအား ခွင့်မပြုသင့်ကြောင်းကို နယူးဇီလန်မှ ကနေဒါ၊ ဂျပန်မှသည် အာဂျင်တီးနား၊ သြစတြေးလျမှ ဆွီဒင်အထိ လူထောင်ပေါင်းများစွာတို့သည် ညီညွတ်စွာရပ်တည်ပြီး ပူးတွဲ သတင်းစကားပါးခဲ့ကြသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required