ကွင်းလယ်လူ ကာဇိုလာ လေးလအထိနားရမည်ဟု အာစင်ဝင်းဂါးအတည်ပြု

ကွင်းလယ်လူ ကာဇိုလာ လေးလအထိနားရမည်ဟု အာစင်ဝင်းဂါးအတည်ပြု

ဒီဇင်ဘာ ၇၊ လန်ဒန် ။            ။ ကွင်းလယ်ကစားသမားကာဇိုလာသည် ဒူးအရွတ်ဒဏ်ရာကြောင့် လေးလအထိအနားယူရဖွယ်ရှိနေသည်ဟု အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးက အတည်ပြုသည်။

ကာဇိုလာသည် နိုဝင်ဘာ ၂၉ တွင်နော့ဝှစ်ချ်နှင့် တစ်ဂိုးစီသရေကျသည့်ပွဲ၌ ဒဏ်ရာရရှိခဲ့ပြီး ခွဲစိတ်ကုသမှုခံယူရမည်ဟု အာစင်ဝင်းဂါးက ပြောသည်။

အသက် ၃၀ အရွယ်ကစားသမားမှာ အနည်းဆုံး သုံးလနှင့်အထက်နားရဖွယ်ရှိနေသော်လည်း နည်းပြကမူ ရာသီကုန်ထိနားရမည် မဟုတ်ဟု ပြောသည်။

"ကာဇိုလာရဲ့ ဒဏ်ရာကခွဲစိတ်ကုသဖို့လိုပါတယ်။ တစ်ရာသီလုံးနားရဖို့တော့မရှိပါဘူး။ အနည်းဆုံး သုံးလကနေ လေးလထိ ဖြစ်နိုင်ပါတယ်" ဟု အာစင်ဝင်းဂါးက ပြောသည်။

စပိန်ကွင်းလယ်ကစားသမားမှာ ပြီးခဲ့သည့်တစ်ပတ်က စပိန်တွင်အထူးကုတစ်ဦးကိုသွားရောက်ရှာဖွေခဲ့ပြီးနောက် ဒဏ်ရာကိုအလျှင်အမြန် ခွဲစိတ်မှုခံယူပါက မြန်မြန်ပြန်ကောင်းနိုင်သည်ဟု သိခဲ့ရသည်။

အခြားကွင်းလယ်လူတစ်ဦးဖြစ်သည့် ကိုကွီလင်သည်လည်း ဒူးဒဏ်ရာရနေသောကြောင့် အာစင်ဝင်းဂါးအနေဖြင့် ကွင်းလယ်ပိုင်းတွင် ကစား သမားအသုံးပြုနိုင်မှု အကန့်အသတ်ရှိနေသည်။

အသင်းခေါင်းဆောင် အာတီတာသည်လည်း ကြံ့ခိုင်မှုအပြည့်သေးရာ ဖလာမီနီ၊ ရမ်ဆေးနှင့် နောက်တန်းတွင်ရံဖန်ရံခါကစားရသည့် ချမ်ဘာ တို့သာ ကွင်းလယ်တွင်ရှိနေသည်။

Ref; Daily Mail

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly