ဝူဟန်ဓာတ်ခွဲခန်းအတွက် နိုဘယ်ဆုရရှိရေး ကြိုးပမ်းရန် တရုတ်နိုင်ငံခြားရေးဝန်ကြီး၏ တိုက်တွန်းမှုကို ထောက်ခံသည့် တရုတ်မီဒီယာ ဝေဖန်ခံနေရ

ဝူဟန်ဓာတ်ခွဲခန်းအတွက် နိုဘယ်ဆုရရှိရေး ကြိုးပမ်းရန် တရုတ်နိုင်ငံခြားရေးဝန်ကြီး၏ တိုက်တွန်းမှုကို ထောက်ခံသည့် တရုတ်မီဒီယာ ဝေဖန်ခံနေရ

လူအမြောက်အများသေဆုံးခဲ့ရသည့် ကိုဗစ်-၁၉ ကပ်ရောဂါ၏ မူလအစဖြစ်နိုင်ချေရှိသဖြင့် စုံစမ်းစစ်ဆေး ခံရနိုင်ခြေများပြားလာနေစဉ် ဝူဟန်ရောဂါပိုးမွှားဗေဒအင်စတီကျူက နိုဘယ်ဆုရရှိရေး ကြိုးပမ်းရန် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ တိုက်တွန်းချက်ကို စိတ်အားထက်သန်စွာ ပုံကြီးချဲ့ ဖော်ပြခဲ့သည့် တရုတ်အစိုးရပိုင်မီဒီယာသည် ဝေဖန်မှုများနှင့် ရင်ဆိုင်နေရသည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကျောက်လီကျန်းက ဝူဟန်အင်စတီကျူတွင် အလုပ် လုပ်နေသော သိပ္ပံပညာရှင်များသည် ကိုရိုနာဗိုင်းရပ်စ်၏ မျိုးရိုးဗီဇအစဉ်အဆက်ကို ပထမ ဆုံးရှာဖွေတွေ့ရှိခဲ့ခြင်းကြောင့် အပြစ်တင်ခြင်းခံနေရသည်ထက် ဆေးပညာတွင် နိုဘယ်ဆု ချီးမြှင့်ခံရ သင့်ကြောင်းပြောကြားခဲ့သည်ဟု Global Times သတင်းစာက ဖော်ပြခဲ့သည်။

ပြီးခဲ့သည့် သီတင်းပတ် က New York Times နှင့် တွေ့ဆုံမေးမြန်းခန်းတွင် တရုတ်နိုင်ငံ၏ လင်းနို့အမျိုးသမီးဟု လူသိများသည့် ရောဂါဗေဒပညာရှင် ရှီကျန်းလီ က သူမ၏ ဓာတ်ခွဲခန်းသည် ဗိုင်းရပ်စ်၏ မူလ ရင်းမြစ်ဖြစ်ကြောင်း ပြောကြားချက်ကို ဒေါသတကြီး ငြင်းဆိုခဲ့သည်။

"ကမ္ဘာကြီးက ဒီကိစ္စကို ဘယ်လိုယူဆနေတာလဲဆိုတာတော့ ကျွန်မ မသိဘူး။ အပြစ်မဲ့ သိပ္ပံပညာရှင်ကိုတော့ အပြစ်တွေ ဆက်တိုက်ပြောနေတယ်" ဟု သူမက စာတစ်စောင်တွင် ရေးသားခဲ့သည်။

ဝူဟန်အင်စတီကျူရှိ သိပ္ပံပညာရှင်များသည် ကိုရိုနာဗိုင်းရပ်စ်၏ မျိုးရိုးဗီဇအကြောင်းကို အစောဆုံး ရှာဖွေ တွေ့ရှိခဲ့သော်လည်း ဝူဟန်ဓာတ်ခွဲခန်းသည် ကိုရိုနာဗိုင်းရပ်စ်၏ မူလအရင်းအမြစ်ဖြစ်သည်ဟုမဆိုလိုနိုင်သလို ဗိုင်းရပ်စ်ကို တရုတ်သိပ္ပံပညာရှင်များက မွေးထုတ်သည်ဟုလည်း မသုံးသပ်နိုင်ကြောင်းလည်း ရှီ၏ တုံ့ပြန်ချက်နှင့် ပတ်သက်၍ ကျောက်က ပြောကြားခဲ့သည်။

" ကိုရိုနာဗိုင်းရပ်စ်၏ အရင်းအမြစ်အတွက် အရည်အသွေးမြင့်မားသော ဗိုင်းရပ်စ်အကြောင်းကို ပထမဆုံး ထုတ်ဖော်ပြောကြားသည့်အတွက် အပြစ်တင်မည်ဆိုပါက အိပ်ချ်အိုင်ဗွီပိုးကို ပထမဆုံးတွေ့ရှိခဲ့သူ ပါမောက္ခ လက် အန်တိုနီမွန်တက်နီရာကိုလည်း ကမ္ဘာ့အေအိုင်ဒီအက်စ်ကပ်ရောဂါဖြစ်ပွားမှုအတွက် အပြစ်တင်သင့်ပြီး ဆေးပညာအတွက် နိုဘယ်ဆုမပေးသင့်ကြောင်း" Global Times သတင်းစာက နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူကို ကိုးကားဖော်ပြခဲ့သည်။

" ဝူဟန်ရောဂါပိုးမွှားဗေဒအင်စတီကျူက ဂုဏ်ပြုဖို့တောင် ကောင်းနေသေးတယ် လို့ အခိုင်အမာပြောတာက ကပ်ရောဂါဖြစ်တာတောင် တရုတ်အစိုးရဘက်က ဘာမှမပြောင်းလဲဘူးဆိုတာကို ဖော်ပြနေတာပါပဲ" ဟု National Review မှ Jim Geraghtကို ကိုးကား၍ Fox News မှ ဖော်ပြခဲ့သည်။

HotAirစာရေးဆရာ ဂျက်ရှောကလည်း သတင်းက ရယ်စရာကောင်းသည့် ပြက်လုံးကောင်းတစ်ခုမဟုတ်ကြောင်း စတင်ကြားချိန်ကပင် သတ်မှတ်ခဲ့သည်ဟု ပြောကြားခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly