တရုတ်ကြောင့် ထိပ်တိုက်ရင်ဆိုင်မှုများဖြစ်ပွားရကြောင်း အိန္ဒိယ တုံ့ပြန်ပြောကြား

တရုတ်ကြောင့် ထိပ်တိုက်ရင်ဆိုင်မှုများဖြစ်ပွားရကြောင်း အိန္ဒိယ တုံ့ပြန်ပြောကြား

၂၀၂၀ ပြည့်နှစ် ဧပြီလမှစတင်၍ နယ်စပ်များတွင် တရုတ်နိုင်ငံက စစ်တပ်အများအပြားချထားခြင်းနှင့် သဘောတူညီချက်များကို တစ်ဖက်သက်ပြောင်းလဲပစ်ခြင်းတို့ကြောင့် နှစ်နိုင်ငံအကြား နယ်စပ်မျဉ်းသတ်မှတ်ထားသည် လာဒက်အရှေ့ပိုင်းတွင် တင်းမာမှုများ ဖြစ်ပေါ်ကာ ဒေသတွင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို ထိခိုက်စေခဲ့ကြောင်း အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရအရာရှိ အရီဒန်ဘက်ချီက ဇွန် ၂၄ ရက်တွင် ပြောကြားသည်။

တရုတ်နိုင်ငံ၏ နယ်မြေပိုင်နက်အား အိန္ဒိယက ကျူးကျော်ခြင်းကို ဟန့်တားရန် တပ်ဖွဲ့များ စေလွှတ်ရခြင်းဖြစ်ကြောင်းနှင့် နယ်နမိတ်ထိန်းချုပ်မျဉ်းတစ်လျှောက် တင်းမာမှုဖြစ်ရခြင်းသည် အိန္ဒိယအစိုးရ၏ ရန်စသည့်မူဝါဒများကြောင့် ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြောခွင့်ရအရာရှိ ကျောင်လိယန်က ဇွန်၂၃ ရက်က ပြောကြားလိုက်ခြင်းကို အိန္ဒိယက အထက်ပါအတိုင်း တုံ့ပြန်လိုက်ခြင်း ဖြစ်သည်။

နှစ်နိုင်ငံသဘောတူညီချက်များဖြစ်သည့် နယ်နမိတ်ထိန်းချုပ်ရေး စည်းမျဉ်းများကို လေးစားလိုက်နာရန်နှင့် အဆိုပါ နယ်နမိတ်တွင် နှစ်ဖက်တပ်ဖွဲ့များကို အနည်းဆုံးအဆင့်၌သာ ထားရှိရန်အပါအဝင် နှစ်ဖက် သဘောတူညီချက်များကို တရုတ်၏ လုပ်ဆောင်ချက်များက ချိုးဖောက်ရာ ရောက်ကြောင်း ဘက်ချီက ပြောကြားသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly