ခရီးသွားလုပ်ငန်းမြှင့်တင်ရေး ပိုးလမ်းမနိုင်ငံများမှ ဝန်ကြီးများ စည်းဝေး

ခရီးသွားလုပ်ငန်းမြှင့်တင်ရေး ပိုးလမ်းမနိုင်ငံများမှ ဝန်ကြီးများ စည်းဝေး
ပိုးလမ်းမ ယဉ်းကျေးမှုအမွှေအနှစ်နေရာတစ်ခုကို တွေ့ရစဉ်။ ဓာတ်ပုံ - အေအက်ဖ်ပီ။

ပေကျင်း၊ ဇွန် ၂၁ ။     ။ ပိုးလမ်းမ စီးပွားရေးခါးပတ်နှင့် ပင်လယ်ရေကြောင်း ပိုးလမ်းမနိုင်ငံများ (Silk Road Economic Belt and Maritime Silk Road) မှခရီးသွားလုပ်ငန်းဝန်ကြီးများသည် သီးခြားနိုင်ငံများရှိ ခရီးသွားနေရာများကိုချိတ်ဆက်ပြီး ပိုမိုအဆင်ပြေချောမွေ့ သည့် ပြည်ဝင်ခွင့်ပေါ်လစီများ ဖြေလျှော့ပေးခြင်းတို့ပါဝင်မည့် တစ်ပေါင်းတစ်စည်းတည်းသော ခရီးသွားလုပ်ငန်းဈေးကွက် ထူထောင်ရန် ကတိပြုခဲ့ကြသည်။  

ပိုးလမ်းမတစ်လျှောက်မှာ ခရီးသွားလုပ်ငန်းဖလှယ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုများကို နောက်ထပ် တွန်းအား ပေးမည့် ၎င်းစွန့်ဦးနည်းဗျူဟာအသစ်များကို ဇွန် ၁၉ ရက်က ပိုးလမ်းမစီးပွားရေးခါးပတ်တစ်လျှောက်ရှိ နိုင်ငံများမှ ခရီးသွားလုပ်ငန်း ဝန်ကြီးများအစည်းအဝေးက ထောက်ခံအတည်ပြုခဲ့သော တရုတ်သမ္မတ ရှီကျင့်ဖျင်အဆိုပြုခဲ့သည့် စွန့်ဦးနည်းဗျူဟာတစ်ရပ်ကို အကြမ်းဖျင်း ပုံသွင်းခဲ့ခြင်းပင် ဖြစ်သည်။    

ဤအစည်းအဝေးကို ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့၊ တရုတ်အမျိုးသား ခရီးသွားလုပ်ငန်း ကွပ်ကဲရေးဌာနနှင့် ရှန်ရှီးပြည်နယ်အစိုးရ တို့ ပူးပေါင်းကမကထပြု ကျင်းပခဲ့သည်။  ဤစွန့်ဦးနည်းဗျူဟာမှာ ပိုးလမ်းမတစ်လျှောက် နိုင်ငံများကြား ခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်မှုအတွက် အရေးကြီးသည့် လမ်းညွှန်ဖြစ်သည်ဟု တရုတ် အမျိုးသား ခရီးသွားလုပ်ငန်းဌာန၏ ဒါရိုက်တာ လည်းဖြစ်၊ အစည်းအဝေး ဥက္ကဋ္ဌလည်းဖြစ်သည့် လီကျင်ကျောင် က ပြောသည်။

''မျက်မှောက်ခေတ်မှာ ပိုးလမ်းမဟာ ကုန်သွယ်ရေးလမ်းကြောင်းတစ်ခုမျှသာ မကပါဘူး။ လမ်းကြောင်း တစ်လျှောက် နိုင်ငံတွေက ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်နေရာ ၅၀၀ကျော်ရှိတဲ့ ခရီးသွားလမ်းကြောင်း တစ်ခုလည်း ဖြစ်နေပါတယ်''ဟု လီက ပြောကြား သည်။

''ဒါပေမယ့်လည်း သယ်ယူပို့ဆောင်ရေး၊ ပြည်ဝင်ခွင့်ပေါ်လစီတွေအပြင် ဈေးကွက်နဲ့ လုံခြုံရေးလို ပြဿနာတွေက ပိုးလမ်းမ ခရီးသွားလုပ်ငန်းဈေးကွက်ကို အလားအလာရှိသလောက် မဖွံ့ဖြိုးအောင် တားဆီးနေပါတယ်"ဟုလည်း လီက ထပ်လောင်းပြော ကြားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly