ဇွန် ၂၇
မွန်ပြည်နယ် မော်လမြိုင်မြို့ ရှိ မော်လမြိုင်တက္ကသိုလ်အတွင်းမှာ ကျောင်းတတ်နေကြသည့် ကျောင်းသား၊ကျောင်းသူ ၈၀ ကျော် ၊ ဆရာ၊ဆရာများ နှင့်ရုံးဝန်ထမ်း၂၀ ကျော်တို့မှာ Covid-19 ရောဂါပိုးတွေ့ရှိခဲ့ကြောင်း သိရပါတယ်။
မော်လမြိုင်တက္ကသိုလ်မှာ ကျောင်းတတ်ရောက်နေတဲ့ အဆောင်နေကျောင်းသူ တဦးက ဇွန်လ ၁၈ ရက်နေ့ မှာ နေမကောင်းတာကြောင့် သံဖြူဇရပ်ရှိနေအိမ်ကို ပြန်သွားပြီး ကိုဗစ်စစ်ဆေး ရမှာ ပိုးစတင်တွေ့ရှိခဲ့တာဖြစ်ပါတယ်။
ဇွန်လ ၁၉ ရက်နေ့မှာ အတူနေအခန်းဖော်အမျိုးသမီးမှာ ဖျားနာလာတာကြောင့် ၎င်းရဲ့မိဘတွေ နေအိမ်ကို ခေါ်ဆောင်သွားချိန်တွင် စစ်ဆေးခဲ့ရာ ထပ်မံကိုဗစ်ပိုးတွေရှိခဲ့ကြောင်း သိရပါတယ်။
အတူနေအခန်းဖော်နှစ်ဦး ကိုဗစ်ပိုးတွေ့ရှိမှုကြောင့် ကျောင်းတာဝန်ရှိသူတွေက ထိတွေ့ဆက်ဆံသူ ၁၆ ဦးထပ်မံစစ်ဆေးရာတွင် ကိုဗစ်ပိုးထပ်မံတွေ့ရှိခဲ့ကြောင်းသိရပါတယ်။
" စတွေ့တဲ့အမျိုးသမီးနေတာက ကျောင်းရဲ့အင်ကြင်းဆောင်မှာပါ။ သူက ရူပဗေဒမေဂျာ သူအခန်းဖော် က ဓာတုဗေဒ ၊ သူတို့နဲ့ ထိတွေ့ဆက်ဆံနေသူတွေပါ ပိုးအကုန်တွေ့တယ်။ သူတို့ကကျောင်းမှာ ကျောင်းအိပ်ကျောင်းစား နေနေကြတာ " ဟု မော်လမြိုင်တက္ကသိုလ်သတင်းဌာနက တာဝန်ရှိသူတစ်ဦးက မဇ္ဈိမသတင်းဌာနကို ပြောပါတယ်။
ဆက်လက်ပြီး ဇွန်လ၂၃ ရက်နေ့တွင် အင်ကြင်းဆောင်ရှိ ကျောင်းသူတွေကို ထပ်မံစစ်ဆေးရာတွင် ပိုးတွေရှိသူများ များပြားလာခဲ့ပြီး အဆောင်နေကျောင်းသူ ၈၀ကျော် ပိုးတွေ့ရှိထားကြောင်း သိရပါတယ်။
ဆက်လက်ပြီး မော်လမြိုင်တက္ကသိုလ်သတင်းဌာနရဲ့ တာဝန်ရှိသူတဦး က " အင်ကြင်းဆောင်ရဲ့အဆောင်မှူး ရူပဗေဒဌာနရဲ့ တွဲဘက် ပါမေက္ခတဦး ၊ ဘူမိဗေဒက ပါမေက္ခတဦးရဲ့ တစ်နှစ်အရွယ်ကလေး ၊ နယ်မြေအင်ဂျင်နီယာဌာနက စာရေး နှစ်ဦး ၊ စတို အင်ဂျင်နီယာဌာန က စာရေးတဦး နောက် ဆရာ ၊ ဆရာမတွေလည်း ပိုးတွေ့ထားတယ် ဝန်ထမ်းအယောက်၂၀ကျော် လက်ရှိမှာပိုးတွေ့ ထားတယ် ၊ စစ်တာက ကျောင်းမှာ ကွာရန်တင်းစင်တာမှာ စစ်တာပါ " ဟု ဆိုပါတယ်။
မော်လမြိုင်တက္ကသိုလ်တွင် လက်ရှိအချိန်ထိ ကျောင်းတတ်နေသူ ကျောင်းသား၊ကျောင်းသူ ၄၀၀ ဝန်းကျင်ခန့် ရှိကြောင်းသိရပါတယ်။
ကိုဗစ်ရောဂါပိုး တွေ့ရှိသူ ၁၀၀ ကျော်ရှိလာပေမဲ့ မော်လမြိုင်တက္ကသိုလ်ရဲ့ တာဝန်ရှိသူတွေက ကျောင်းသားကျောင်းသူတွေ ကို စာမေးပွဲဖြေဆိုတာ ရပ်ဆိုင်းခြင်းမရှိဘဲ ဆက်လက်ဖြေဆိုခိုင်းနေတယ်လို့ ဆိုပါတယ်။
ကျောင်းရဲ့တာဝန်ရှိသူတွေက ကိုဗစ်ရောဂါပိုး ကူးစက်မှုနှုန်းမြင့်တတ်နေပေမဲ့ ဇွန်လ ၂၇ ရက်နေ့ တရားဝန်သတင်းထုတ်ပြန်ကြေငြာခြင်းမျိုးမရှိသေးပါ။