နယ်စပ်တွင် တူရကီက တပ်များဖြန့်ကြက်၍ ကုလသို့ တိုင်မည်ဟု အီရတ် ခြိမ်းခြောက်

နယ်စပ်တွင် တူရကီက တပ်များဖြန့်ကြက်၍ ကုလသို့ တိုင်မည်ဟု အီရတ် ခြိမ်းခြောက်

မိုဆူးလ်၊ ဒီဇင်ဘာ ၇ ။           ။ အီရတ်နိုင်ငံ မိုဆူးလ်မြို့အနီး နယ်စပ်နယ်မြေ ဧရိယာများတွင် တူရကီက တပ်များဖြန့်ကြက်ချထားခြင်းကို ၄၈ နာရီအတွင်း မရုတ်သိမ်းပါက ကုလသဂ္ဂသို့ အရေးဆိုသွား မည်ဖြစ်ကြောင်း အီရတ်က ခြိမ်းခြောက်ပြောဆိုသည်။

တူရကီက တပ်များ နယ်စပ်၌ ဖြန့်ကြက်ခြင်းကို တိုင်ပင်ဆွေးနွေးခြင်းအလျင်းမရှိသကဲ့သို့ ယင်းကြောင့် နိုင်ငံအချုပ်အခြာကို ထိပါးခြင်းခံရသည်ဟု အီရတ်က ပြောသည်။

တူရကီဝန်ကြီးချုပ် အက်မတ်ဒါဗူတိုဂလုက တပ်များဖြန့်ကြက်ခြင်းသည် ပုံမှန်တပ်ရွှေ့တပ်ပြောင်းခြင်း လုပ်ဆောင်ချက်သာဖြစ်ကြောင်း ခုခံပြောသည်။

မိုဆူးလ်မြို့သည် ပြီးခဲ့သည့်နှစ်ကတည်းက အိုင်အက်စ်စစ်သွေးကြွများလက်အောက် ကျရောက်ခဲ့သည့် မြို့ဖြစ်သည်။

တူရကီက ၎င်း၏ တပ်ဖွဲ့အင်အား ရာပေါင်းများစွာကို အိုင်အက်စ်အား တိုက်ခိုက်ရေးအတွက် အီရတ်ကာ့ဒ်တပ်ဖွဲ့များကို သင်တန်းပေးရန် ဘာရှီကာ မြို့သို့ ဖြန့်ကြက်ချထားခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly