ဖလော်ရီဒါမှာ အထပ်မြင့်တိုက်တစ်လုံး တစ်စိတ်တစ်ပိုင်း ပြိုကျမှု ဖြစ်ပွား 

ဖလော်ရီဒါမှာ အထပ်မြင့်တိုက်တစ်လုံး တစ်စိတ်တစ်ပိုင်း ပြိုကျမှု ဖြစ်ပွား 
Photo - AFP

ဇွန် ၂၄

အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ်မှာ ကြာသပတေးနေ့ အစောပိုင်းနာရီက အထပ်မြင့်တိုက်တစ်လုံး တစ်စိတ်တစ်ပိုင်း ပြိုကျမှုဖြစ်တာကြောင့် အရေးပေါ်တုံ့ပြန်မှုတွေ ဆောင်ရွက်ခဲ့ရပါတယ်။ 

မီယာမီကမ်းခြေ မြောက်ဖက် ဆက်ဖ်ဆိုက်မြို့က ၁၂ ထပ် အဆောက်အအုံမှာ အတွင်းပိုင်း ပေါက်ကွဲမှုတစ်ရပ်ဖြစ်ပြီး ကြီးမားတဲ့ အစိတ်အပိုင်း ပြိုကျပျက်စီးတာကို အွန်လိုင်းဗီဒီယိုမှာ မြင်တွေ့ရပါတယ်။ 

ဒီ အဆောက်အအုံမှာ လူ ဘယ်လောက် နေထိုင်သလဲနဲ့ ပြိုကျမှု ဖြစ်ချိန်မှာ ဘယ်သူတွေ ရှိနေသလဲဆိုတာ သေချာရှင်းလင်းစွာ မသိရသေးပေမယ့် အပျက်အစီးကြားကနေ ယောက်ကျားလေးငယ်တစ်ဦးကို မီးသတ်သမားတွေ အသက်ရှင်လျက် ဆွဲထုတ်နိုင်ခဲ့တယ်လို့ ပြည်တွင်းသတင်းဌာန NBC 6 South Florida က ဖော်ပြပါတယ်။ 

ကမ်းခြေနဲ့ နီးတဲ့ အဲဒီ ဖြစ်ပွားရာဆီ ကူညီတုံ့ပြန်ရေးယူနစ် ဒါဇင်များစွာကို အရေးပေါ်ဌာနက စေလွှတ်ခဲ့ပါတယ်။ 

မီယာမီကမ်းခြေရဲဌာနက ဌာနတာဝန်ရှိသူတွေဟာ တိုက်ပြိုကျမှုမှာ အကူအညီပေးလျက် ရှိတယ်လို့ ပြောပါတယ်။ 

“ရဲနဲ့ မီးသတ်သမား အများအပြား ဖြစ်ပွားရာဆီမှာ  ကူညီပေးလျက် ရှိနေပါတယ်”လို့ အဲဒီ ဌာနက ထုတ်ပြန်ပါတယ်။ 

“မြူနီစပယ်မီးသတ်ဌာနက မီးသတ်သမား ၈၀ ကျော်ထက်မနည်း ဖြစ်ပွားရာဆီမှာ ကူညီဆောင်ရွက်ပေးလျက် ရှိတယ်”လို့ မီယာမီမီးသတ်ဌာနကလည်း ဆိုပါတယ်။ 

မှတ်တမ်းတွေအရ အခု အဆောက်အအုံဟာ ၁၉၈၁ ခုနှစ်က တည်ဆောက်ထားတာဖြစ်ပြီး အခန်းပေါင်း ၁၃၀ ကျော်ထက်မနည်းရှိတယ်လို့ ဌာနေမီဒီယာက ဖော်ပြပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly