ကမ္ဘောဒီးယားရှိ လောင်းကစားရုံများတွင် အလုပ်လုပ်ရန် ဗီယက်နမ်လူမျိုးများကို တရုတ်များက လူကုန်ကူးခဲ့

By JustEarth News
23 June 2021
ကမ္ဘောဒီးယားရှိ လောင်းကစားရုံများတွင် အလုပ်လုပ်ရန် ဗီယက်နမ်လူမျိုးများကို တရုတ်များက လူကုန်ကူးခဲ့

ကမ္ဘောဒီးယားရှိ လောင်းကစားရုံများနှင့် အွန်လိုင်းဂိမ်းကစားသည့် နေရာများတွင် အလုပ်လုပ်ရန် ဗီယက်နမ်လူမျိုးများကို တရုတ်နိုင်ငံသားအချို့က လူကုန်ကူးခဲ့သည်ဟု စွပ်စွဲခံထားရကြောင်း မီဒီယာတွင် ဖော်ပြထားသည်။

ဗီယက်နမ်နိုင်ငံသားများသည် ကမ္ဘောဒီးယားရှိ လောင်းကစားရုံများနှင့် အွန်လိုင်းဂိမ်းကစားသည့်နေရာများတွင် တရားမဝင် အလုပ်လုပ်ရန် ဆွဲဆောင်ခံရတတ်ပြီး မကြာခဏလည်း လိမ်လည်ခံရသည်ဟု ဗီယက်နမ်အာဏာပိုင်များက သတိပေးခဲ့သည်။

ဖေ့စ်ဘွတ်ခ်ပို့စ်တစ်ခုတွင် ဗီယက်နမ်သံရုံးက နိုင်ငံသားများအား တစ်လလျှင် အမေရိကန်ဒေါ်လာ ၈၀ဝ နှင့် ၁၀ဝဝ ကြားကမ်းလှမ်းထားသော အလုပ်များကြော်ငြာများကို သတိထားရန် အသိပေးထားသည်။

“လူကုန်ကူးခံရသူတွေရဲ့ ပြောကြားချက်အရ ဗီယက်နမ်လူမျိုးတွေကို ကမ္ဘောဒီးယားကို ဆွဲဆောင်ပြီး လူကုန်ကူးနေတဲ့လူတွေက တရုတ်နိုင်ငံသားတွေဖြစ်ပြီး၊ ဗီယက်နမ်နဲ့ ကမ္ဘောဒီးယားနှစ်နိုင်ငံစလုံးမှာ အဆက်အသွယ်တွေရှိပါတယ်” ဟု တရုတ်သံရုံး၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ရေးသားထားသည်။

“ အလုပ်လုပ်မယ်လို့ သဘောတူပြီးတာနဲ့ ရာဇဝတ်ဂိုဏ်းတွေက သူတို့ကို ကမ္ဘောဒီးယားကို သွားဖို့ စီစဉ်ပေးတယ်။ ပြီးတော့ ဆီဟန်နော့ခ်ဗီးလ်မြို့ မှာရှိတဲ့ ဟိုတယ်တွေ၊ လောင်းကစားရုံတွေဆီ ခေါ်သွားမှာပါ” ဟု ယင်းက ထပ်မံဖော်ပြထားခဲ့သည်။ ၂၀၁၉ ခုနှစ်မှစ၍ ကမ္ဘောဒီးယားတွင် အွန်လိုင်းလောင်းကစားကို ပိတ်ပင်ထားသဖြင့် လူကုန်ကူးခံရသူများကို လေ့ကျင့်သင်ကြားပေးပြီး အွန်လိုင်းလောင်းကစားအတွက် အလားအလာရှိသောဖောက်သည်များကို ဆွဲဆောင်စေသည်။

ကမ္ဘောဒီးယားရှိ တရုတ်သံရုံးကလည်း အွန်လိုင်းလောင်းကစားခြင်းနှင့် ပတ်သက်သော လူကုန်ကူးမှုများကို စိုးရိမ်ပူပန်မှုကြောင်း ဖော်ပြခဲ့ပြီး တရုတ်နိုင်ငံသားများသည် ဗီယက်နမ်နှင့် အခြားဒေသများမှ လူများကို တရားမဝင်ကဏ္ဍများတွင် အလုပ်လုပ်ရန် ကမ္ဘောဒီးယားသို့ လူကုန်ကူးနေကြောင်း ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလက ကြေညာချက် ထုတ်ပြန်ခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required