ကိုဗစ်-၁၉သည် ဓာတ်ခွဲခန်းမှ ဖန်တီးလိုက်သည့် ဗိုင်းရပ်စ်ရောဂါပိုးဖြစ်နိုင်ကြောင်း သိပ္ပံပညာရှင်များက နားလည်ထားဟု အမေရိကန်ထိပ်တန်းအကြံပေး ပြောကြား

ကိုဗစ်-၁၉သည် ဓာတ်ခွဲခန်းမှ ဖန်တီးလိုက်သည့် ဗိုင်းရပ်စ်ရောဂါပိုးဖြစ်နိုင်ကြောင်း သိပ္ပံပညာရှင်များက နားလည်ထားဟု အမေရိကန်ထိပ်တန်းအကြံပေး ပြောကြား

၂၀၂၀ ပြည့်နှစ်က သိပ္ပံပညာရှင်များက သံသယရှိခဲ့သည့်အတိုင်း ကိုဗစ်-၁၉ သည် ဓာတ်ခွဲခန်းမှ တီထွင်ထားသော ဗိုင်းရပ်စ်ဖြစ်နိုင်ကြောင်း အမေရိကန်ထိပ်တန်း ကိုရိုနာဗိုင်းရပ်စ်အကြံပေး ဒေါက်တာ အန်ထော်နီဖော်စီက ပြောကြားခဲ့သည်။

"ဒီသုံးသပ်ချက်ကို ကျွန်တော် ကောင်းကောင်း မှတ်မိနေပါတယ်" ဟု အမျိုးသားကျန်းမာရေးအင်စတီကျူ၏ ထိပ်တန်း ကူးစက်ရောဂါဗေဒ ကျွမ်းကျင်သူ ဒေါက်တာ အန်ထော်နီဖော်စီက USA Today သို့ ပြောကြားခဲ့သည်။

“အခြေအနေက တကယ့်ကို ဂရုတစိုက်လေ့လာဖို့ လိုအပ်နေပြီဆိုတာကို ကျွန်တော်တို့ သဘောတူ လက်ခံခဲ့ကြပါတယ်” ဟု သူက ဆိုသည်။

၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီ ၁ ရက်တွင် အွန်လိုင်းမှတစ်ဆင့် ပြုလုပ်ခဲ့သော အစည်းအဝေးသည် ထင်ရှားသော သိပ္ပံပညာရှင်အများအပြား၏ ကနဦးသုံးသပ်ချက်များ ပြုလုပ်ရာတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်ခဲ့ဖွယ်ရှိသည်။

၎င်းတို့၏ စာတမ်းများနှင့် ပြည်သူတို့၏ ထုတ်ပြန်ချက်များတွင် တရုတ်နိုင်ငံ ဝူဟန်မြို့ရှိ ဓာတ်ခွဲခန်းတစ်ခုမှ ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားစေခဲ့သည်ဟူသော တရားဝင်ဆွေးနွေးမှုများကို ပိတ်ပင်တားမြစ်ခဲ့သလိုဖြစ်စေခဲ့သည်ဟု သတင်းစာက ဖော်ပြခဲ့သည်။

ယင်းအွန်လိုင်းအစည်းအဝေး မတိုင်မီ တစ်ရက်က ကယ်လီဖိုးနီးယားရှိ နာမည်ကျော် Scripps Research Translational Institute မှ ကူးစက်ရောဂါများ၏ မျိုးရိုးဗီဇ ကျွမ်းကျင်သူ ခရစ်တင်အန်ဒါဆင်က ဖော်စီသို့ ဖုန်းဆက်ပြောကြားခဲ့ပြီးနောက် ၂၀၂၀ပြည့်နှစ်၊ ဇန်နဝါရီလ ၃၁ရက်က အီးမေးလ်ထပ်မံပေးပို့ပြီး ဗိုင်းရပ်စ်၏မျိုးရိုးဗီဇတည်ဆောက်ပုံသည် ဓာတ်ခွဲခန်းတွင် ပြုလုပ်ဖန်တီးထားပုံရကြောင်း ပြောကြားခဲ့သည်ဟု USA Today က သတင်းဖော်ပြခဲ့သည်။

“ ဗိုင်းရပ်စ်၏ ပုံမှန်မဟုတ်သော လက္ခဏာများသည် မျိုးရိုးဗီဇ၏ အလွန်သေးငယ်သော အစိတ်အပိုင်း (<0.1%) ဖြစ်သည်။ ထို့ကြောင့် အချို့သောအင်္ဂါရပ်များသည် ပြုလုပ်ဖန်တီးထားခြင်း(အလားအလာရှိသည်) ဟုတ်မဟုတ်ကို အနီးကပ်ကြည့်ရှုလေ့လာရန်လိုအပ်သည်။ " ဟု ဖုန်းမခေါ်ဆိုမီတစ်ရက်က အန်ဒါဆင်က ဒေါက်တာ အန်ထော်နီဖော်စီသို့ အီးမေးလ်ပေးပို့ခဲ့သည်။

အီးမေးလ်တွင် အန်ဒါဆင်က သူနှင့် အခြားကျွမ်းကျင်သူများက မျိုးရိုးဗီဇသည် ဆင့်ကဲသီအိုရီ၏ မျှော်လင့်ချက်များနှင့် မကိုက်ညီဟု ထင်မြင်ယူဆသော်လည်း၊ ထပ်မံဆန်းစစ်မှုများပြုလုပ်ပြီးနောက် “ထိုထင်မြင်ချက်များသည် ပြောင်းလဲနိုင်သည်” ဟု မှတ်ချက်ပြုခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly