တရုတ်တွင် လူနည်းစုများထံမှ အတင်းအကြပ် ကိုယ်အင်္ဂါရယူနေခြင်းအပေါ် ကုလလူ့အခွင့်အရေး ကျွမ်းကျင်သူများ စိုးရိမ်

By ANI
23 June 2021
တရုတ်တွင် လူနည်းစုများထံမှ အတင်းအကြပ် ကိုယ်အင်္ဂါရယူနေခြင်းအပေါ် ကုလလူ့အခွင့်အရေး ကျွမ်းကျင်သူများ စိုးရိမ်

တရုတ်တွင် ထိန်းသိမ်းခံထားရသော ဖာလွန်ဂုံး ဂိုဏ်းသားများ၊ ဝီဂါများ၊ တိဘက်များ၊ မူစလင်နှင့် ခရစ်ယာန် လူနည်းစုများထံမှ အတင်းအကြပ် ကိုယ်အင်္ဂါရယူနေသည်ဆိုသော စွပ်စွဲချက်များအပေါ် ကုလသမဂ္ဂလူ့အခွင့်အရေးကျွမ်းကျင်သူများက စိုးရိမ်ပူပန်နေသည်။

အခြားအကျဉ်းသားများကို မလုပ်ဆောင်သော်လည်း ထိန်းသိမ်းခံထားရသော တိုင်းရင်းသား၊ ဘာသာစကားနှင့် ဘာသာမတူညီသည့် လူနည်းစုများကို သွေးစစ်ခြင်း၊ ၎င်းတို့အား အသိပေးသဘောတူညီချက်မပါဘဲ ultrasound နှင့် ဓာတ်မှန်ရိုက်ခြင်း စသည်တို့ကဲ့သို့သော ကိစ္စရပ်များကို ဖိအားပေးပြုလုပ်ဆောင်နေကြောင်း ခိုင်လုံသည့် သတင်းအချက်အလက်ရရှိခဲ့သည်ဟု ကျွမ်းကျင်သူများက ပြောကြားကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး(OHCHR) ၏ ကြေညာချက်တွင် ဖော်ပြထားသည်။

တရုတ်နိုင်ငံတွင် အတင်းအကြတ် ကိုယ်အင်္ဂါရယူခြင်းကို ဖမ်းဆီးထိန်းသိမ်းထားသည့် တိုင်းရင်းသား၊ ဘာသာစကားနှင့် ဘာသာရေးအရ လူနည်းစုများအား ပစ်မှတ်ထားသလိုရှိပြီး အကြောင်းရင်းကို ရှင်းပြခြင်းမရှိဘဲ သို့မဟုတ် ဖမ်းဝရမ်းမပါဘဲ နေရာအနှံ့အပြားတွင် ဖမ်းဆီးလေ့ရှိသည်။

“အကျဉ်းသားများနှင့် ထိန်းသိမ်းခံရသူများအား လူမျိုးရေး၊ ဘာသာရေးနှင့် ယုံကြည်ချက်ကို အခြေခံ၍ ခွဲခြားဆက်ဆံမှုများရှိသည့် အစီရင်ခံစာများအပေါ် အလွန်အမင်း စိုးရိမ်ပူပန်ပါသည်” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အကျဉ်းသားများထံမှ ထုတ်ယူလိုက်သော ကိုယ်အင်္ဂါများမှာ နှလုံး၊ ကျောက်ကပ်၊ အသည်း၊ မျက်ကြည်လွှာနှင့် အသည်းအစိတ်အပိုင်းများဖြစ်ပြီး ယင်းသို့ လုပ်ဆောင်ရာတွင် ခွဲစိတ်ဆရာဝန်များ၊ မေ့ဆေးဆရာဝန်များနှင့် အခြားဆေးဘက်ဆိုင်ရာ အထူးကုများ ပါဝင်လုပ်ဆောင်နေသည်ဟု စွပ်စွဲချက်များတွင် ဖော်ပြထားကြောင်း ကျွမ်းကျင်သူများက ပြောကြားသည်။

OHCHR ၏ ကုလသမဂ္ဂလူ့အခွင့်အရေးပညာရှင်များက ၂၀ဝ၆ နှင့် ၂၀ဝ၇ ခုနှစ်အတွင်း တရုတ်အစိုးရကို ယင်းပြဿနာများကို တင်ပြခဲ့ဖူးသော်လည်း ကိုယ်အင်္ဂါခွဲစိတ်ရန် စောင့်ဆိုင်းရမည့် အချိန် သို့မဟုတ် ကိုယ်တွင်းအင်္ဂါအရင်းအမြစ်များနှင့် ပတ်သက်သည့် အချက်အလက်များ အစိုးရတွင် နည်းပါးသည်။

ဘာသာရေးလူနည်းစုအကျဉ်းသားများ၏ ကိုယ်တွင်း အင်္ဂါများကို ဖယ်ထုတ်ရယူမှုပြုလုပ်ခြင်းနှင့် ပတ်သက်၍ စိုးရိမ်ပူပန်မှုများကို အခြားကုလသမဂ္ဂ လူ့အခွင့်အရေးအဖွဲ့ကလည်း အလေးထား ပြောကြားခဲ့သည်။

“စေတနာအလျောက် ကိုယ်အင်္ဂါလှူဒါန်းမှုစနစ် ဖွံ့ဖြိုးလျှက်ရှိသော်လည်း တရုတ်တွင် ကိုယ်အင်္ဂါ အစားထိုးကုသမှုအတွက် ကိုယ်တွင်းအင်္ဂါများ ဝယ်ယူရာတွင် လူ့အခွင့်အရေး ချိုးဖောက်မှုများရှိနေကြောင်း သတင်းအချက်အလက်များ ထွက်ပေါ်နေသည် ” ဟု ကုလသမဂ္ဂ ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required