မွမ်ဘိုင်းမြို့ အစိုးရ ဆေးရုံတွင် မှိုနက်စွဲသည့် လူနာများအတွက် စိတ်ပိုင်းဆိုင်ရာ ဌာနဖွင့်လှစ်

By Khaleej Times
23 June 2021
မွမ်ဘိုင်းမြို့ အစိုးရ ဆေးရုံတွင် မှိုနက်စွဲသည့် လူနာများအတွက် စိတ်ပိုင်းဆိုင်ရာ ဌာနဖွင့်လှစ်

အိန္ဒိယနိုင်ငံ၊ မွမ်ဘိုင်းမြို့ရှိ နိုင်ငံပိုင် King Edward အမှတ်တရ ဆေးရုံတွင် မျူကိုမိုင်ကိုးစစ်ခေါ် မှိုနက်စွဲသည့် လူနာများအတွက် စိတ်ပိုင်းဆိုင်ရာကုသဆောင်တစ်ခုကို စတင်ဖွင့်လှစ်လိုက်သည်။

လျင်မြန်သည့် မှိုကူးစက်ရောဂါကြောင့် သေဆုံးမှု များပြားသလို အချို့ လူနာများတွင် ခြေလက်အင်္ဂါအစိတ်အပိုင်းများ ဖြတ်တောက်ရခြင်း သို့မဟုတ် ခန္ဓာကိုယ် ရုပ်ပျက်ဆင်းပျက် မဖြစ်စေရန် ခွဲစိတ်ကုသမှု ခံယူရသည်။

“ခန္ဓာကိုယ်အစိတ်အပိုင်း အချိန်တိုအတွင်း ဆုံးရှုံးသွားတာဟာ ထိတ်လန့်စရာ ကောင်းပါတယ်။ အဲဒီလို ဆုံးရှုံးသွားရတဲ့အပေါ်မှာ စိတ်ထားတတ်ဖို့ ကာယကံရှင်နဲ့ သူ့မိသားစုကို ဆွေးနွေးနှစ်သိမ့်မှု လုပ်ဆောင်ပေးဖို့ လိုအပ်ပါတယ်” ဟု အဆိုပါ ဆေးရုံမှ ဒေါက်တာ ဟီမန့် ဒက်ရှ်မူခက ပြောကြားသည်။

“ဒီဌာနအတွက် စိတ်ပိုင်းဆိုင်ရာ ပညာရှင် ၈ ဦး ခန့်ထားပါတယ်။ ရောဂါကူးစက်နှုန်းက အားကောင်းလို့ ရုပ်ဆင်းအင်္ဂါပျက်စီးနိုင်တာကို လူနာအနေနဲ့ လက်ခံနိုင်ဖို့ မိမိတို့က ပြင်ဆင်ထားရပါတယ်”

လူနာတွေကို ကိုယ်လက်အင်္ဂါဖြတ်တောက်ဖို့ လိုမယ်ဆိုရင် မလုပ်ဆောင်ခင်မှာ သူတို့ရဲ့ ဆွေမျိုးတွေကိုလည်း နှစ်သိမ့်ဆွေးနွေး ပညာပေးရပါတယ်” ဟု ၎င်းက ပြောကြားသည်။

အဆိုပါ ကုသရေးဌာန၏ လက်ထောက်ပါမောက္ခ ဒေါက်တာဆီဒက်ရှ်ရှီရီက အဖြစ်များဆုံး ပြဿနာတွေကတော့ အချို့လူနာတွေက အိပ်မပျော်တာ၊ စိုးရိမ်သောကဖြစ်တာ၊ စိတ်ဓာတ်ကျတာတွေဖြစ်တယ်။ အထူးသဖြင့် ဆေးရုံအကြာကြီး တက်ရသူတွေပေါ့”

“ကိုဗစ်နဲ့ ဆက်နွှယ်နေတဲ့ မျူကိုမိုင်ကိုးစစ်က ရောဂါစတင်ဖြစ်ပွားမှုမြန်ဆန်ပြီး ဖြစ်ပွာမှု ပြင်းထန်တာကြောင့် အခြားနာတာရှည်နဲ့ သက်ဆိုင်တဲ့ ကိုဗစ်နဲ့ မတူပါဘူး” ဟု လည်း ၎င်းက ထောက်ပြသည်။

“လူတစ်ဦးက ဒီရောဂါကို ရင်ဆိုင်ကျော်လွှားဖို့ အချိန်မရှိပါဘူး။ သူတို့အတွက် ပထမ တုန်လှုပ်စရာက ကိုဗစ်-၁၉ ဖြစ်ပြီး ဒုတိယကတော့ မျူကို မိုင်ကိုးစစ် ဖြစ်ပါတယ်”

မှိုနက်စွဲရောဂါသည် ကိုဗစ်-၁၉ လူနာများအတွက် နောက်ဆက်တွဲဖြစ်လာမည်ကို ဆေးပညာအသိုင်းအဝိုင်းတွင် စိုးရိမ်နေကြသည်။ မဟာရက်ရှထရာပြည်နယ်တွင် အဆိုပါ မှိုပိုး ကူးစက်ခံထားရသူ ၇၀၀၀ အနက်လူနာ၆၀၀ ကျော်သည် ရောဂါ ပြင်းထန်စွာ ခံရစားရနေဆဲ ဖြစ်သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly