တရုတ်ထိပ်တန်းနျူကလီးယား ပညာရှင် သေဆုံးမှုကို အကြောင်းရင်း မရှာနိုင်သေး

By Just Earth News
24 June 2021
တရုတ်ထိပ်တန်းနျူကလီးယား ပညာရှင် သေဆုံးမှုကို အကြောင်းရင်း မရှာနိုင်သေး

တရုတ်ထိပ်တန်း နျူကလီးယားပညာရှင်တစ်ဦးဖြစ်သူ ကျန်းကျိယန်းသည် ပြီးခဲ့သည့် သီတင်းပတ်အတွင်းက သေဆုံးသွားခဲ့သော်လည်း အကြောင်းရင်းကို တိကျစွာ မသိရသေးကြောင်း မီဒီယာသတင်းများတွင် ဖော်ပြခဲ့သည်။

Harbin အင်ဂျင်နီယာတက္ကသိုလ်၏ ဒုတိယဥက္ကဌတစ်ဦးလည်း ဖြစ်သူ ကျန်းသည် အဆောက်အဦတစ်လုံးပေါ်မှ ပြုတ်ကျပြီးနောက် သေဆုံးသည်ကို တွေ့ရှိခဲ့ရသည်။

တရုတ်နိုင်ငံ မြောက်ဖျားပိုင်း ဟေလောင်ကျန်းမြို့တော်၏ တက္ကသိုလ်၏ လူမှုမီဒီယာ စာမျက်နှာ Weibo တွင် မိမိကိုယ်ကို သေကြောင်းကြံစည်ခြင်းမဟုတ်ကြောင်း အခင်းဖြစ်ပွားသည့် နေရာကို စစ်ဆေးပြီးနောက် ရဲများက ထုတ်ပြန်ခဲ့သော်လည်း အသေးစိတ်ကို ထုတ်ပြန်ခြင်းမရှိဟု South China Morning Postသတင်းတွင် ဖော်ပြသည်။

“အဆောက်အဦတစ်ခုပေါ်ကနေ ပြုတ်ကျပြီး ၂၀၂၁ ခုနှစ်၊ဇွန်၁၇ ရက်၊နံနက် ၉ နာရီ ၃၄ မိနစ်က သေဆုံးသွားခဲ့သူ ပါမောက္ ခကျန်းကျိယန်းအတွက် လွန်စွာဝမ်းနည်းကြေကွဲကြောင်း Harbin အင်ဂျင်နီယာတက္ကသိုလ်မှ ကြေညာအပ်ပါသည်” ဟု ထုတ်ပြန်ခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly