တစ်နှစ်တာ ကိုဗစ်အကျပ် အတည်း နဲ့ ဖေဖော်ဝါရီ(၁)ရက်နေ့ စစ်အာဏာသိမ်းမှုတို့ဟာ မြန်မာနိုင်ငံရဲ့ လူမှုစီးပွား အခြေအနေကို ပိုမိုဆိုးရွား သွား စေတယ်လို့ UNDP က ဆိုထားပါတယ်။
အောက်ခြေလူထုရဲ့ အခြေအနေဟာ အခုတိုင်း ဆက်လက်ရှိ နေရင် ဆင်းရဲနွမ်းပါးမှုနှုန်းဟာ ၂၀၂၂ ခုနှစ်ကစလို့ နှစ်ဆတိုးသွားမှာဖြစ်တယ်လို့ UNDPရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အဲဒီ အကျပ်အတည်းနှစ်ခုဟာ လုပ်အားခနဲ့ ဝင်ငွေသိသိသာသာ ဆုံးရှုံးမှုတွေကို ဖြစ်စေပြီး အထူးသဖြင့် စီးပွားရေးလုပ်ငန်းငယ်တွေကို ထိခိုက်စေကာ ပြည်သူလူထုအတွက် အစားအသောက်၊ အခြေခံဝန်ဆောင်မှု တွေနဲ့ လူမှုရေးအကာအကွယ်တွေကို ထိခိုက်စေမယ်လို့ အစီအရင်ခံစာက ဆိုထားပါတယ်။
ဒီလိုအခြေနေကြောင့် ပြည်ပတိုင်းပြည်တွေမှာ သွားရောက်အလုပ်လုပ်ကိုင်လိုသူတွေတွေ များလာကြတာပါ။ ကိုဗစ်ရောဂါကြောင့် လုံခြုံရေးတင်းကျပ်နေချိန်မှာတောင် တရားမဝင်နယ်စပ်ဖြတ်ကျော်ပြီး ထိုင်းနိုင်ငံကို သွားရောက် အလုပ်လုပ်ကိုင်ဖို့ သွားကြသူတွေဟာ တစ်ရက်ကို လူဦးရေရာဂဏန်းလောက်ရှိနေပါတယ်။ဒီလို တရားမဝင် သွားရောက်လို့ အဖမ်းခံနေရတဲ့ သတင်းတွေကို တွေ့မြင်နေရပါတယ်။