မန္တလေးတိုက်ခိုက်မှု ကုလ ရှုတ်ချ

24 June 2021
မန္တလေးတိုက်ခိုက်မှု ကုလ ရှုတ်ချ

အင်္ဂါနေ့တုန်းက မန္တလေးမြို့မှာ စစ်ကောင်စီတပ်တွေနဲ့  ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေအကြား အပြန်အလှန်ပစ်ခတ်ပြီး ထိခိုက်သေဆုံးမှုတွေ ရှိခဲ့တဲ့ သတင်းတွေနဲ့ ပတ်သက်လို့ အကြမ်းဖက်မှု ပုံစံအားလုံးကို ရှုတ်ချကြောင်း ကုလသမဂ္ဂက ပြောဆိုပါတယ်။   

 “ထိတ်လန့်စရာကောင်းတဲ့ မန္တလေးက အကြမ်းဖက်မှုသတင်းကို ဒီကနေ့ ကျနော်တို့ ကြားသိ တွေ့မြင်ခဲ့ရပါတယ်။ အကြမ်းဖက်မှု ပုံစံ အားလုံးကို ထပ်ပြီး ရှုတ်ချပါတယ်။ ဒီမိုကရေစီ၊ ငြိမ်းချမ်းရေး၊ လူ့အခွင့်အရေးနဲ့ တရားဥပဒေစိုးမိုးရေး အတွက် မြန်မာပြည်သူတွေရဲ့ လှုပ်ရှားမှုတွေအပေါ် ကုလသမဂ္ဂရဲ့ မဆုတ်မနစ်ထောက်ခံမှုကို ထပ်လောင်းအတည်ပြု ပြောလိုပါတယ်။” 
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly