ပုသိမ် KBZဘဏ်ခွဲ (၂) ဝန်ထမ်းတစ်ဦးထံတွင် ကိုဗစ်တွေ့ရှိရပြီးနောက် ဘဏ်ကိုယာယီပိတ်

ပုသိမ် KBZဘဏ်ခွဲ (၂) ဝန်ထမ်းတစ်ဦးထံတွင် ကိုဗစ်တွေ့ရှိရပြီးနောက် ဘဏ်ကိုယာယီပိတ်

ဇွန် ၂၃

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ ကမ်းနားလမ်း ကုန်စည်ဒိုင်ဝန်းအတွင်းမှာ ဖွင့်လှစ်ထားတဲ့ KBZ ဘဏ်ခွဲ အမှတ်(၂)က ဝန်ထမ်းတစ်ဦးထံတွင် Covid19 ကူးစက်ခံထားရသည်ကို တွေ့ရှိရပြီးနောက် ဇွန်လ ၂၃ရက်နေ့မှ စတင်ကာ ဘဏ်ခွဲကို ယာယီပိတ်ထားခဲ့ကြောင်း သိရပါတယ်။

“ဘဏ်ရှေ့မှာ စာကပ်ထားတယ်၊ ဝန်ထမ်းတစ်ဦးမှာ ကိုဗစ်တွေ့လို့ ယာယီပိတ်ထားတယ်၊ ဘဏ်မှာ တိုကင်ယူထားတဲ့သူတွေက ၂၃ရက်နေ့ကနေ ၂၅ရက်နေ့ထိတိုကင်တွေကို ဘဏ်ခွဲ (၄)မှာ ၂၈ရက်နေ့ကနေ နောက်လ ၂ရက်နေ့ထိ တိုကင်တွေကို ဘဏ်ခွဲ ၃မှာ သွားထုတ်ဖို့ စာကပ်ထားတယ်၊ လူမှုရေးအဖွဲ့တွေကတော့ အခုရက်ပိုင်းထဲမှာ ဘဏ်ကိုသွားမိတဲ့သူတွေကို အိမ်မှာပဲနေထိုင်ဖို့ နှိုးဆော်နေကြတယ်”လို့ ပုသိမ်မြို့ဒေသခံတစ်ဦးကပြောပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly