ဒေါ်အောင်ဆန်းစုကြည် အမှု ၂ မှု ထပ်စစ်ဆေး

23 June 2021
ဒေါ်အောင်ဆန်းစုကြည် အမှု ၂ မှု ထပ်စစ်ဆေး

အများပြည်သူတည် ငြိမ်မှုအေးချမ်းမှု ပျက်အောင် လုပ်ဆောင်မှု နဲ့ သဘာဝဘေး အန္တရာယ် စီမံခန့်ခွဲမှုဥပဒေ ချိုးဖောက်မှု၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒီအမှု ၂ ခုကို မနေ့တုန်းက ထပ်စစ်ဆေးတာတွေ လုပ်ခဲ့ပါတယ်။ ဒီလိုစစ်ဆေးတာမှာ အများပြည်သူ တည် ငြိမ်မှုအေးချမ်းမှု ပျက်အောင် လုပ်ဆောင်မှုနဲ့ပတ် သတ်လို့ တဖက်က တင်ပြလာတဲ့ သက်သေတွေဟာ ဥပဒေကြောင်းအရ ညီညွှတ်မှန်ကန် မှုမရှိတာမို့ ဒေါ်အောင် ဆန်းစုကြည်တို့ရဲ့ ရှေ့နေတွေ ကပယ်ချခဲ့ပါတယ်။ ဒါနဲ့ပတ်သတ်လို့ နောက်ရုံးချိန်းမှာ တရားရုံးဘက်က လက်ခံမခံ ဆုံးဖြတ်မှာပါ။ 

မနေ့တုန်းက စစ်တဲ့ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၂၅ ချိုးဖောက်မှုကိုတော့ တရားလို ဦးထွန်းမြင့်အောင် ခေါ် ဦးညီညီဆိုသူက အမှုဖွင့်ခဲ့တာဖြစ်ပါတယ်။ အများပြည်သူတည် တည်ငြိမ် အေးချမ်းမှု ပျက်ပြားအောင် လုပ်ဆောင်မှု ဥပဒေ ပုဒ်မ ၅၀၅  (ခ) နဲ့ ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်နဲ့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်တို့ ၃ ယောက်ပေါင်းကိုတော့ အထွေ ထွေ အုပ်ချုပ်ရေးဌာနက ဦးစိုးစိုးရွှေက အမှုဖွင့်ထားတာဖြစ်ပါတယ်။ 
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly