အာဂျင်တီးနားအသင်း နောက်တစ်ဆင့် တက်လှမ်းမှုနဲ့အတူ မက်ဆီလည်း စံချိန်မှတ်တမ်းတစ်ခု လိုက်မီ

အာဂျင်တီးနားအသင်း နောက်တစ်ဆင့် တက်လှမ်းမှုနဲ့အတူ မက်ဆီလည်း စံချိန်မှတ်တမ်းတစ်ခု လိုက်မီ

အာဂျင်တီးနားအသင်းဟာ ပါရာဂွေးအသင်းကို အနိုင်ရယူမှုနဲ့အတူ ကိုပါအမေရိကဖလား ကွာတားဖိုင်နယ်အဆင့် တက်လှမ်းနိုင်သလို လီယွန်နယ် မက်ဆီဟာလည်း လက်ရွေးစင်အသင်းအတွက် ပွဲပေါင်း ၁၄၇ ပွဲကစားတဲ့ စံချိန်မှတ်တမ်းကို လိုက်မီနိုင်ခဲ့ပါတယ်။

အာဂျင်တီးနားအတွက် အဆုံးအဖြတ်ပေးမယ့် ဂိုးကိုတော့ ဒီမာရီယား ပေးပို့တာကို ပါပူဂိုမက်ဇ်က ပွဲချိန်အစောပိုင်း ၁၀ မိနစ်မှာပဲ သွင်းယူခဲ့ပါတယ်။

အသက် ၃၄ နှစ်အရွယ်ရှိ မက်ဆီဟာ မာရှယ်ယာနိုရဲ့ လက်ရွေးအသင်းအတွက် ကစားပေးတဲ့ ပွဲအရေအတွက်နဲ့ တူညီခဲ့တာပါ။

အာဂျင်တီးနားဟာ ဥရုဂွေးကို ၁-၁ ဂိုးနဲ့ သရေကျပြီး ရှုံးထွက်အဆင့်ကို တက်ရောက်နိုင်ခွင့်ရှိနေတဲ့ ချီလီရဲ့ အထက် အုပ်စု (A )ရဲ့ ထိပ်ဆုံးမှာ ရပ်တည်ခဲ့ပါတယ်။

ဘလွန်းဒီအော်ဆု ၆ ကြိမ်ရ မက်ဆီဟာ ပွဲစဉ်ရဲ့ တစ်လုံးတည်းသော ဂိုးမှာ တစိတ်တပိုင်းအဖြစ် ပါဝင်ပတ်သက်ခဲ့ပြီး သူဟာ အများအားဖြင့် ပွဲကို လွှမ်းမိုးနိုင်ခဲ့သူဖြစ်ပါတယ်။

မက်ဆီဟာ အိုလံပစ်ရွှေတံဆိပ်ဆုနဲ့ အသက် ၂၀ အောက် ကမ္ဘာ့ဖလားကို ရရှိခဲ့ပေမယ့်လည်း သူဟာ အာဂျင်တီးနားလက်ရွေးစင်အသင်းကြီးနဲ့အတူ သူ့ရဲ့ ပထမဆုံး ဆုဖလားကိုင်မြှောက်နိုင်ဖို့ ကြိုးစားနေဆဲဖြစ်ပါတယ်။

အုပ်စု (A) မှာ လေးပွဲကစားဖို့ ကျန်ရှိနေရာမှာ ပါရာဂွေးက သုံးမှတ်၊ ဥရုဂွေး တစ်မှတ်နဲ့ ဘိုလီးဗီးယား တစ်မှတ်တို့ဟာလည်း သင်္ချာနည်းအရ အာဂျင်တီးနားနဲ့ ချီလီတို့နဲ့အလားတူ နောက်တစ်ဆင့်အတွက် အခွင့်အလမ်းရှိနေဆဲဖြစ်ပါတယ်။

အုပ်စု (B) က ဘရာဇီးလ်ဟာလည်း ကွာတားဖိုင်နယ်ကို တက်ရောက်နှင့်ပြီးဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly