ကိုဗစ် ကူးစက်မှုနှုန်း မြင့်တက်လာတာကြောင့် မြောင်းမြစာသင်ကျောင်းအချို့က ကျောင်းသားတွေကို ပြန်လွှတ်

ကိုဗစ် ကူးစက်မှုနှုန်း မြင့်တက်လာတာကြောင့် မြောင်းမြစာသင်ကျောင်းအချို့က ကျောင်းသားတွေကို ပြန်လွှတ်

ဇွန် ၂၁

ဧရာဝတီတိုင်းဒေသကြီး မြောင်းမြမြို့မှာ COVID - 19  ကူးစက်နှုန်း မြင့်မားလာတာကြောင့် စာသင်ကျောင်းအချို့မှာ ကျောင်းသားတွေကို ဒီကနေ့ ဇွန်လ ၂၁ ရက်က အိမ်ပြန်လွှတ်နေပြီး အချို့စာသင်ကျောင်းတွေမှာ မိဘတွေကိုယ်တိုင် ကျောင်းကိုသွားရောက်ပြီး ကျောင်းသား၊ကျောင်းသူတွေကို ပြန်လည်ခေါ်ယူနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ရောဂါဖြစ်တဲ့ မော်တော်ပီကယ်ရဲ့ မိန်းမက အထက(၆) ကျောင်းကဆရာမ၊ မနေ့ကအထိ ကျောင်းတွေတက်နေသေးတာ သတင်းဖုံးထားတော့ မသိဘူး၊ ဒီမနက်ကျတော့ ကျောင်းသွားတဲ့ ကလေးတွေထဲမှာ ကိုးတန်းနဲ့ ငါးတန်းကလေးတွေကို ကျောင်းဝကနေပြန်လွှတ်တယ် ကျောင်းပိတ်တယ်လို့ ပြောပြီးတော့၊ လူစုလူဝေး အတော်ဖြစ်သွားတယ်၊ မော်တော်ပီကယ်ထဲက နှစ်ယောက်ကလည်း ကံကော်မြိုင်ရပ်ကွက်ထဲမှာနေတာလေ ကံကော်မြိုင်က စာသင်ကျောင်းမှာလည်း မိဘတွေက ကလေးတွေကို အကုန်သွားပြန်ခေါ်နေကြတယ် တစ်မြို့လုံးကို မိုက်တွေနဲ့ Mask တပ်ဖို့လိုက်အော်နေတယ်၊ ပြည်သူ့အစိုးရခေတ်တုန်းကနဲ့ တခြားစီပဲ ပြည်သူတွေကို နည်းမျိုးစုံနဲ့ ဒုက္ခပေးပြီး သတ်နေတာ အဲ့ကောင်တွေက”လို့ မြောင်းမြမြို့ ဒေသခံတစ်ဦးကပြောပါတယ်။

မြောင်းမြမြို့မှာ COVID - 19 အတည်ပြုလူနာ ၁၂ဦးထိရှိနေပြီး ၁၁ဦးဟာ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်တွေဖြစ်ကာ တစ်ဦးကတော့ Mytel ရုံးက ဝန်ထမ်းဖြစ်တာကြောင့် စစ်ကောင်စီဟာ သတင်းထုတ်ပြန်ပေးခြင်းမရှိဘဲ ဖုံးကွယ်ထားတယ်လို့ ဒေသခံတွေကပြောပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly