အိန္ဒိယ၊ တရုတ်နှင့် ပါကစ္စတန်တို့က နျူကလီးယားလက်နက်များ ပိုမို ထုတ်လုပ်နေ

By Zee News
20 June 2021
အိန္ဒိယ၊ တရုတ်နှင့် ပါကစ္စတန်တို့က နျူကလီးယားလက်နက်များ ပိုမို ထုတ်လုပ်နေ

တရုတ်၊ ပါကစ္စတန်နှင့် အိန္ဒိယတို့တွင် ယခုနှစ် ဇူလိုင်လအထိ နျူကလီးယားထိပ်ဖူး ၃၅၀၊ ၁၆၅ နှင့် ၁၅၆ ခု အသီးသီးရှိခဲ့ကြပြီး အဆိုပါ ၃ နိုင်ငံအနေဖြင့် ၎င်းတို့၏ အဆိုပါ လက်နက်များကို ပိုမိုထုတ်လုပ်ထားကြဖွယ်ရှိကြောင်း စတော့ဟုမ်း နိုင်ငံတကာ ငြိမ်းချမ်းရေးသုတေသနဌာန (SIPRI) က ထုတ်ပြန်လိုက်သည်။

တွက်ချက်ထားမှုများအရ ရုရှားနှင့် အမေရိကန်တို့သည် ကမ္ဘာ့ပေါ်ရှိ နျူကလီးယားထိပ်ဖူး ၁၃၀၈၀ ခု၏ ၉၀ ရာခိုင်နှုန်းကျော်ကို ပိုင်ဆိုင်ထားကြသည်။ ယင်းလက်နက်ပိုင်ဆိုင်ထားသည့် ၇ နိုင်ငံမှာ အမေရိကန်၊ ရုရှား၊ ဗြိတိန်၊ ပြင်သစ်၊ တရုတ်၊ အိန္ဒိယ၊ ပါကစ္စတန်၊ အစ္စရေးနှင့် မြောက်ကိုရီးယားတို့ ဖြစ်သည်။

“တရုတ်သည် ၎င်း၏ နျူကလီးယားလက်နက်ထုတ်လုပ်ခြင်း၊ အဆင့်မြှင့်တင်ခြင်းတို့ကို လုပ်ဆောင်နေသလို အိန္ဒိယနှင့် ပါကစ္စတန်တို့ကလည်း ၎င်းတို့၏ နျူကလီးယား လက်နက်များကို ပိုမို ထုပ်လုပ်နေဖွယ်ရှိသည်” ဟု SIPRI ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

၂၀၂၀ ခုနှစ်၊ မေ ၅ ရက်က အိန္ဒိယတပ်များသည် နိုင်ငံအရှေ့ပိုင်းနယ်စပ် လာဒါခါမြို့အနီးတွင် တရုတ် တပ်ဖွဲ့များနှင့် အပြန်အလှန်ပစ်ခတ်မှုများ ဖြစ်ပွားခဲ့သည်။ ၄၅ နှစ်အတွင်း ပထမဆုံးအကြိမ်ဖြစ်ပွားသည့် တိုက်ပွဲတွင် နှစ်ဖက်သေဆုံးမှုများ ရှိခဲ့သည်။

နျူကလီးယားလက်နက် ထုတ်လုပ်ရန် အဆိုပါ လက်နက်ပိုင်ထားသည့် နိုင်ငံများရှိ ကုန်ကြမ်းပစ္စည်း သိုလှောင်ထားရှိမှုများကိုလည်း SIPRI ၏ လေ့လာတွေ့ရှိချက်တွင် ဖော်ပြထားသည်။

“အလွန်သန့်စင်သည့် ယူရေနီယမ် (HEU) သို့မဟုတ် ခွဲခြားထားသည့် ပလူတိုနီယမ်တို့ဟာ နျူကလီးယားလက်နက် ထုတ်လုပ်ဖို့ လိုအပ်တဲ့ ကုန်ကြမ်းပစ္စည်းတွေပါ။ အိန္ဒိယနဲ့ အစ္စရေးတို့က ပလူတိုနီယမ်ကို အဓိကထုတ်လုပ်ကြပြီး ပါကစ္စတန်ကတော့ HEU ကို ထုတ်လုပ်နေပေမယ့် ပလူတိုနီယမ် ပိုထုတ်လုပ်ဆောင်နေပါတယ်” ဟု အဆိုပါ တွေ့ရှိချက်တွင် ပါဝင်သည်။

တရုတ်၊ ပြင်သစ်၊ ရုရှား၊ ဗြိတိန်နှင့် အမေရိကန်တို့သည် ၎င်းတို့၏ နျူကလီးယားလက်နက်များတွင် အသုံးပြုရန် HEU နှင့် ပူတိုနီယမ် ၂ မျိုးစလုံးကို အသုံးပြုနေသည်။

“အိန္ဒိယနဲ့ ပါကစ္စတန်အစိုးရတွေက သူတို့နိုင်ငံမှာ ဒုံးကျည်စမ်းသပ်တာအချို့ကို ထုတ်ပြန်ပေမယ့် ၎င်းတို့၏ နျူကလီးယားလက်နက်အခြေအနေနှင့် ပမာဏကို ထုတ်ဖော်ခြင်းမရှိပေ”

၂၀၁၆ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အတွင်း ကမ္ဘာ့ပေါ်တွင် လက်နက်တင်သွင်းမှု အများဆုံး ၅ နိုင်ငံသည် ဆော်ဒီအာရေဗျ၊ အိန္ဒိယ၊ အီဂျစ်၊ဩစတြေးလျနှင့် တရုတ်တို့ဖြစ်သည်။ ယင်းကာလအတွင်းက ဆော်ဒီသည် ကမ္ဘာ့လက်နက်တင်သွင်းမှု၏ ၁၁ ရာခိုင်နှုန်း ဝယ်ယူခဲ့သလို အိန္ဒိယကလည်း ၉ ဒဿမ ၅ ရာခိုင်နှုန်းရှိခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required