စင်ကာပူတွင် တရုတ်အတွက် သူလျှိုလုပ်နေသူ ဖမ်းဆီးခံရ

By Just Earth News
20 June 2021
စင်ကာပူတွင် တရုတ်အတွက် သူလျှိုလုပ်နေသူ ဖမ်းဆီးခံရ

၂၀၁၅ ခုနှစ်ကတည်းက တရုတ်ထောက်လှမ်းရေးအတွက် သူလျှိုလုပ်ခဲ့သူ စင်ကာပူအမျိုးသားတစ်ဦးကို ဖမ်းဆီးထိန်းသိမ်းထားခဲ့သည်ဟု မီဒီယာများမှ ဖော်ပြခဲ့သည်။

စင်ကာပူနိုင်ငံအား ခြိမ်းခြောက်နေသဖြင့် ပြည်တွင်းလုံခြုံရေးအက်ဥပဒေ (ISA) အရ ၎င်းကို ၂ နှစ်ကြာ ဖမ်းဆီးထားခဲ့သည်။

အသက် ၄၀ အရွယ် ဒစ်ဆန်ယိုသည် နိုင်ငံခြားတိုင်းပြည်တစ်ခုမှ ငွေကြေးထောက်ပံ့ထားသည့် ကိုယ်စားလှယ်တစ်ဦးအဖြစ် ဆောင်ရွက်ခဲ့သည်ဟု ပြည်တွင်းလုံခြုံရေးဌာန(ISD) ကို ကိုးကားပြီး The Straits Times မှ ဖော်ပြခဲ့သည်။

တရုတ်အတွက် သူလျှိုပြုလုပ်ပေးသည့်အတွက် အမေရိကန်တွင် ထောင်ဒဏ် ၁၄ လကျခဲ့ပြီးနောက် အမေရိကန်မှ စင်္ကာပူသို့ ၎င်းအား ပြန်လည်ပေးပို့သည့် ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ ၃၀ ရက်တွင် ISD မှ ဖမ်းဆီးခဲ့သည်။ ပြည်တွင်းလုံခြုံရေးအက်ဥပဒေ (ISA) အရ ဖမ်းဆီး ထိန်းသိမ်းရန် ဇန်နဝါရီ ၂၉ ရက်တွင် အမိန့်ထုတ်ပြန်ခဲ့သည်ဟု သတင်းစာက ဖော်ပြသည်။

ISD ၏ စုံစမ်းစစ်ဆေးမှုများအရ ယိုသည် နိုင်ငံခြားတိုင်းပြည်တစ်ခု၏ ထောက်လှမ်းရေးယန္တရားတွင် အလုပ်လုပ်ခဲ့ပြီး နိုင်ငံခြားသားများက ခိုင်းစေသည့် တာဝန်အမျိုးမျိုးကို ငွေကြေးအတွက် ပြုလုပ်ပေးခဲ့သည်ဟု ပြည်တွင်းလုံခြုံရေးဌာန(ISD) ကို ကိုးကားပြီး The Straits Times မှ ဖော်ပြခဲ့သည်။

ယိုသည် သတင်းအရင်းမြစ်များရှာဖွေခြင်းနှင့် စင်ကာပူနှင့် သက်ဆိုင်သော သတင်းအချက်အလက်အပါအဝင် စိတ်ဝင်စားဖွယ်ရာ ကိစ္စရပ်များအတွက် နိုင်ငံခြားချုပ်ကိုင်သူများကို အစီရင်ခံစာများပေးရန် တာဝန်ယူရသည်ဟု ISD မှ ဆိုသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly