သြစတြေးလျက တရုတ်အစိုးရကို မယုံကြည်ကြောင်း စစ်တမ်းတစ်ရပ်တွင် ဖော်ပြ

By Just Earth News
20 June 2021
သြစတြေးလျက တရုတ်အစိုးရကို မယုံကြည်ကြောင်း စစ်တမ်းတစ်ရပ်တွင် ဖော်ပြ

သြစတြေးလျ နည်းပညာတက္ကသိုလ်၏ သြစတြေးလျ-တရုတ်ဆက်ဆံရေး အင်စတီကျူမှ ပြုလုပ်သော စစ်တမ်းတစ်ခုအရ တရုတ်၊ သြစတြေးလျ၏ ဆက်ဆံရေးနှင့် ပတ်သက်၍ သြစတြေးလျနိုင်ငံသား အများစုက စိုးရိမ်ပူပန်ကြောင်း ထုတ်ဖော်ပြောကြားခဲ့ကြသည်။

“ ရှုပ်ထွေးသည့် ပုံစံတစ်ခု ထွက်ပေါ်လာသည်။ သြစတြေးလျနိုင်ငံသားများအနေဖြင့် ရှုပ်ထွေးသည့် ကာလအကြောင်းကို သိရှိစေရန်နှင့် စဉ်ဆက်မပြတ် တိုးတက်ဖြစ်ပေါ်နေသော မဟာဗျူဟာအခြေအနေကို နားလည်ရန် ကြိုးစားနေသည်” သြစတြေးလျ-တရုတ်ဆက်ဆံရေး အင်စတီကျူက ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“သြစတြေးလျနိုင်ငံသားများက ဆက်ဆံရေးဆုတ်ယုတ်ကျဆင်းမှုနှင့် တရုတ်၏ ရန်လိုမှုအပေါ် စိုးရိမ်ပူပန်နေသော်လည်း အချို့သော အကျိုးရှိမှုတို့ကြောင့် ဆက်ဆံရေးကို လုံးဝဖြတ်တောက်ရန် မလိုလားကြပေ။ ယခု ရလဒ်များက တစ်ဖြည်းဖြည်း တည်ငြိမ်ကောင်းမွန်သွားမည်လား သို့မဟုတ် မကြုံဖူးသည့် လက်ရှိ စိုးရိမ်ဖွယ်ရာများနှင့် ရှုပ်ထွေးမှုများ ဆက်လက်ရှိနိုင်မည်လား ဆိုသည်ကို ထပ်မံလုပ်ဆောင်မည့် စစ်တမ်းများက ဖော်ပြနိုင်လိမ့်မည်” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စစ်တမ်းအရ သြစတြေးလျနိုင်ငံသားအများစု (၇၆ ရာခိုင်နှုန်း)က တရုတ်အစိုးရအပေါ်ယုံကြည်မှုမရှိကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။

ခန့်မှန်းခြေအားဖြင့် သြစတြေးလျ ၁၀ ဦး လျှင် ၆ ဦး (၆၃ ရာခိုင်နှုန်း) က သြစတြေးလျအစိုးရသည် တရုတ်နှင့် ပတ်သက်၍ ခက်ထန်တင်းမာသည့် မူဝါဒများ ချမှတ်သင့်သည်ဟု ယုံကြည်ကြောင်း စစ်တမ်းက ဆိုသည်။

သြစတြေးလျနှင့် တရုတ်အကြားဆက်ဆံရေးသည် လွန်ခဲ့သည့်နှစ်အနည်းငယ်အတွင်း ယိုယွင်းလာခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required